Chapter 41:ငါသိတယ်

2.4K 439 14
                                    

(ခုန်းရှို့မေ့အားတွေ့ဆုံခြင်း)

ပထမနေ့တွင် ကိုယ်ပိုင်လွတ်လွတ်လပ်လပ် စကားပြောဆိုခြင်းနှင့် ဒုတိယနေ့တွင်ခေါင်းစဉ်ရွေးကာစကားစစ်ထိုးပြီး နောက်ဆုံးတွင် ပြိုင်ပွဲ၏ နောက်ဆုံးတိုက်ပွဲဖြစ်သည့် တိုက်ရိုက်သရုပ်ဖော်ခြင်းစွမ်းဆောင်ရည်ကို စတင်ခဲ့လေသည်။ဤပြိုင်ပွဲတွင် ဆောင်ပုဒ်အပေါ်အခြေခံ၍ အင်္ဂလိပ်စကားဝိုင်းစွမ်းဆောင်ရည်တွင်ပါဝင်ရန် အဖွဲ့တစ်ခုစီမှအနည်းဆုံး 3 ဦး လိုအပ်ပေသည်။

"အာ မဟုတ်ဘူး အရမ်းစိတ်လှုပ်ရှားနေတယ် ငါ့နှလုံးသားကပေါက်ထွက်တော့မယ်!"

ချောင်ရှစ်ယွီသည်သူမရင်ဘတ်ကိုတင်းတင်းကြပ်ကြပ်ဆုတ်ကိုင်လိုက်ပြီး မျက်နှာလေးပေါ်၌ထိတ်လန့်တုန်လှုပ်နေသောအကြည့်ကရှိနေကာ အလွန်စိုးထိတ်နေကြောင်းသိသာလှ၏။တကယ်တမ်းတွင် သူမသာကြောက်ရွံ့နေရုံမက လေးလုံးသိုက်ဝမ်းပေါ်သည်လည်း တောင့်တင်းနေပြီး အချိန်မရွေးအသက်ရှူကြပ်လာတော့မလို။

"အတန်းဖော်လေးတို့! အရမ်းစိတ်မပူကြပါနဲ့ မင်းတို့ရဲ့ပုံမှန်ခွန်အားတွေကိုအပြည့်အဝအသုံးချပြီး ဒီဂိမ်းကိုဘဝရဲ့ရှားပါးလှတဲ့အတွေ့အကြုံတစ်ခုအဖြစ် အသုံးချလိုက်ပါ ဆရာမကမင်းတို့ကိုယုံတယ် ဒါကြောင့်မင်းတို့လည်းယုံကြည်မှုကိုပြသရမယ် မင်းတို့ကအတော်ဆုံးပဲ"

ခေါင်းဆောင်ဆရာမယွီက တင်းကြပ်နေသောလေထုကိုမြင်လျှင် ပြုံးကာအလျင်အမြန်ရှင်းပြလာ၏။

"ဆရာမပြောတာမှန်တယ် ငါတို့ပထမနှစ်ဆင့်ကိုကျော်ဖြတ်လာခဲ့ပြီးပြီ ဒီနောက်ဆုံးအဆင့်ကိုရောက်မှလက်လျော့ချင်နေကြတာလား?"

ကျိုးဟွေ့ကချောင်ရှစ်ယွီ၏လက်လေးကို ညှစ်လိုက်ပြီး

"ရှောင်ယွီ မကြောက်ပါနဲ့ ငါတို့ကလူအများကြီးရှိတာပဲ ငါတို့တစ်ယောက်ချင်းစီကစကားနည်းနည်းပဲပြောကြမှာ မကြာခင်ပြီးသွားလိမ့်မယ် ပြီးတော့......
သိုက်ဝမ်းပေါ် နင်ကအလားအလာကောင်းတဲ့ယောက်ျားလေးတစ်ယောက်ပဲလေ"

Reborn Only to Love You Again || ဘာသာပြန် 《Completed》Donde viven las historias. Descúbrelo ahora