Chapter 51:ဘာလဲ?

1.9K 345 5
                                    

"ပထမအချက်—"

ဝမ်တဟူကလက်တစ်ချောင်းကိုထောင်ကာ လှောင်ရယ်ရင်းပြောလိုက်၏။

"ငါကသာမန်ကျောင်းသားတစ်ယောက်ပဲ ငါ့ရဲ့ကုန်ကျစရိတ်အားလုံးကိုမိဘကပေးနေရတာက ချေးပေးနိုင်လောက်တဲ့ပိုက်ဆံဘယ်လိုရှိမှာလဲ? ဒုတိယအချက်-မင်းမောင်လေးနေမကောင်းဘူးလို့မင်းပြောတယ်နော်? ဒါဆိုမင်းကိုငါမေးမယ် သူဘာရောဂါဖြစ်နေတာလဲ? ဘယ်ဆေးရုံမှာလဲ? မင်းကိုယ်တိုင်မြင်တွေ့ခဲ့ရတာလား? တတိယအချက်က......."

သူကထိုင်ချလိုက်ပြီး မြေပြင်ပေါ်တွင်ဒူးထောက်နေသောခုံးစွေ့ဖင်းကိုကြည့်လိုက်၏။

"မင်းပြောတာမှန်တယ်ဆိုရင်တောင် ငါကမင်းကိုဘာလို့ကူညီပေးရမှာလဲ?"

"အစ်ကိုတဟူ....."

ခုံးစွေ့ဖင်းကမျက်လုံးများပြူးကျယ်ကာ မယုံကြည်နိုင်စွာဖြင့်တိုးတိုးလေးခေါ်လိုက်လေသည်။သူ့အပေါ်အမြဲတမ်းနူးညံ့သိမ်မွေ့သည့်အစ်ကိုက ဤသို့ ရက်စက်လှသည့်စကားများကို ရုတ်တရက်ပြောလာလိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။ "ငါ့ကို ဘာလို့ ဒီလိုဆက်ဆံနိုင်ရတာလဲ"ဟူသောအမူအယာဖြင့်ကလေးမကိုကြည့်ရင်း ဝမ်တဟူကနှုတ်ခမ်းကိုမဲ့ကာလှောင်ပြောင်လိုက်ပြီး စတင်၍အနည်းငယ်စိတ်ဆိုးလာမိတော့သည်။ဤကဲ့သို့ရလဒ်ထွက်လာစေသည့် သဘောတူညီချက်များကိုလိုက်မလုပ်နိုင်သည်အားအပြစ်မတင်မိပဲမနေနိုင်တော့။

မေ့လိုက်ပါတော့~~~~~

လက်ကိုမြှောက်ကာ လက်ကောက်ဝတ်ပေါ်မှနာရီကိုကြည့်လိုက်ပြီး ရန်ရန်လေးတို့မှာနေ့လယ်စာစားရန်ပြန်လာမည်လားမသိသဖြင့် အရင်ပြန်နှင့်သည်ကကောင်းပေလိမ့်မည်!

ဝမ်တဟူကမတ်တပ်ရပ်လိုက်ပြီး ကလေးမလေးကိုတစ်ချက်ကြည့်ကာပြောလိုက်၏။

"မင်းကိုယ်တိုင်ရှာလို့ရတာပဲ....."

ထို့နောက်လှည့်ကာအပြင်သို့ထွက်သွားလိုက်လေသည်။

အာ! ဤကမ္ဘာကြီးမှာတကယ့်ကို ပုံမှန်မဟုတ်သည့်လူတစ်ချို့ရှိကြသည်ပင်။ဆိုးရိုးစကားအတိုင်းဆိုလျှင် :သနားစရာကောင်းသောသူများ၌ တစ်စုံတစ်ရာသောမုန်းတီးဖွယ်အကြောင်းအရင်းရှိရမည်ပင်။[1]မင်းကကိုယ့်ကိုကိုယ်တောင်မကယ်တင်နိုင်တာကို အခြားသူကိုဘယ်လိုများဆုတ်ကိုင်ထားလို့ရမှာလဲ?

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now