Part _ 1

33.8K 517 11
                                    


အခန်း __ { ၁ }

___________ 💥

" လွှတ်​ .. လွှတ်​​နော်​ .. ရှင်​တို့ ဘယ်​သူ​တွေလဲ
မိန်းမတစ်​​ယောက်​ကို ဒီလိုအကြမ်းမဖက်​နဲ့ .. လွှတ်​ "

" ​ဟေ့ .. မင်းပါးစပ်​ကိုပိတ်​ထားပီး
ကားထဲကို​အေး​ဆေးဝင်​ထိုင်​စမ်း ..နောက်​လူ​တွေက
ငါတို့ထက်​ အ​ကြောင်းဆိုးသွားမယ်​​ နားလည်​လား ..
ဒီမှာ ​စော​လေ​ပြေ မင်းအ​ဖေရဲ့သပွတ်​အူဇာတ်​လမ်းမှာ
မင်းက ​ထောင်​​ချောက်​မိတဲ့ ယုန်​သူငယ်​ပဲ .. တက်​ .."

အဖြူရောင်​တိုက်​ပု​လေးရဲ့ မျက်​နှာစာ​ရှေ့မှာ
အသက်​နှစ်​ဆယ်​အရွယ်​ မိန်းက​လေးတစ်​ဦးနဲ့
ဝတ်​စုံပြည့်​ဝတ်​ထားတဲ့ အမျိုးသားသုံးဦးရပ်​​နေကြ​ပေမယ့်
အ​ခြေအ​နေ​တွေက​တော့ တင်းမာ​နေ​လေသည်​ ..။

" အိုး .. မတက်​နိုင်​ဘူး .. မတက်​ဘူး
ဖေ​ဖေရှုပ်​ခဲ့တဲ့ဇာတ်​လမ်းကို ​ဖေ​ဖေနဲ့ပဲရှင်း .. ဒီမှာ
ရှင်​တို့လိုလူဆိုးဂိုဏ်း​တွေကို ကျွန်​မက မကြောက်​ဘူး
ရှင်​တို့​နေ​နေတာ ဥပ​ဒေမဲ့ နိုင်​ငံမဟုတ်​ဘူး သိရဲ့လား
ရှင်​တို့လုပ်​ချင်​တိုင်းလုပ်​လို့မရဘူး .."

ကျောလယ်​ခန့်​ ဆံညို​လေး​တွေ​ခွေရမ်း​နေ​အောင်
ခေါင်း​လေးတခါခါနဲ့ ခပ်​​မှေး​မှေးမျက်​ဝန်း​ကွေး​လေး​တွေက တဖိတ်​ဖိတ်​လက်​​နေ​လေသည်​ ..။

မနိမ့်​မမြင့်​အရပ်​အ​မောင်းနဲ့အတူ
ပြည့်​တင်းတဲ့ခန္ဓာကိုယ်​​လေးက ​ကျော့ရှင်းလှပ​နေ​သည်​။

" ​​တောက်​ !! ..
တော်​​တော်​စကားများတဲ့မိန်းမပဲ .. ဇက်​ .."

" ဟုတ်​ကဲ့ .. "

သူ့ရဲ့စကားအနိမ့်​အမြင့်​အသွားအလာကို
သ​ဘော​ပေါက်​တဲ့ ဇက်​က ​ဘေးကနှစ်​​ယောက်​ကို
မျက်​စပြစ်​ပြကာ ​စော​လေ​ပြေဆို​သော အမျိုးသမီးကို
ကားအတွင်းသို့ သာသာလေးဆွဲသွင်းလိုက်​​လေသည်​ ။

ရှမ်း​ဗမာ ကပြားမ​လေးမို့ ဝိုင်းဝိုင်းပြည့်​ပြည့်
မျက်​နှာ​ဖွေး​ဖွေး​လေးက ​ဒေါသ​အရှိန်​​ကြောင့်​ နီမြန်း​နေ​၏ ..။

💋 တစ်ဦးတည်းသော ဇနီးဆိုးလေး 💋[ Completed ]Where stories live. Discover now