Part 29 (အမျိုးသားကိုယ်ဝန်​ဆောင် )🙈

9.7K 232 5
                                    

💋 တစ်ဦးတည်းသော ဇနီးဆိုးလေး 💋

အခန်း __ { ၂၉ }

_____________ 💥

" အန်တီနန်းဝါ .. အဲ့တာဘာလုပ်မှာလည်းဟင် .."

" အော် ဒါလား .. သခင်လေးက
ပသျှူးထမင်းကြော်လုပ်ခိုင်းထားလို့လေ .. "

" ဝိုး .. မိုက်တယ်နော် ..
အဲဒါ နေ့လည်စာလားဟင် .. "

" ဟုတ်တယ်လေ မမလေးရဲ့ ..
ဘာဖြစ်လို့လည်း မမလေးက မကြိုက်လို့လား .."

" ဟင့်အင်း .. မဟုတ်ပါဘူး .. "

" မမလေးမကိုင်ပါနဲ့ ..
သခင်လေးသိရင် ဆူနေပါ့မယ် .. "

" ရပါတယ် အန်တီနန်းဝါရဲ့ ..
ပါပါးမရှိဘူး အပြင်ထွက်သွားတယ် .."

" ဒါပေမယ့် မမလေးရယ် .."

" ရပါတယ်ဆို .. ပါပါးမဆူစေရဘူး စိတ်ချ .."

" ဟင်း .. မထင်ပါဘူးမမလေးရယ် .."

" အန်တီနန်းဝါ ..
ယောပုံ ကြက်သားကိုင်ပေးရမလားဟင် .. "

" ရတယ် ရတယ်မမလေး ..
ကြက်သားက မခမ်း ကိုင်လိမ့်မယ် ..
မမလေး လုပ်ချင်ရင် မုန်လာဥနီလေးပဲလှီးပေးနော် "

" ဟုတ် .. "

" မမလေးကို လုပ်ခိုင်းလို့ဖြစ်ပါ့မလား ..
သခင်လေးသိသွားရင် ကျွန်မတို့ကို ... "

" မဆူစေရပါဘူးဆို အန်တီခမ်းကလဲ ..
ယောပုံလည်း ဒီတိုင်းထိုင်နေရတာပျင်းလို့ပါ နော် .."

" မမလေးရယ် ..."

" အန်တီနန်းဝါ မုန်လာဥနီက ဘယ်နှလုံးလဲ .."
" အတုံးသေးသေးလေးတွေ တုံးရမှာလားဟင် .."
" အန်တီနန်းဝါ အခွံက ခွာရတာလား ခြစ်ရတာလား "
" ရေအရင်ဆေးရမှာလားဟင် .. "
" လှီးပီးမှဆေးလည်း ရတယ်မဟုတ်လား .."

မီးဖိုဆောင်တစ်ခုလုံး သူမလေးအသံလေးနဲ့ပဲ
စည်ကားသိုက်မြိုက်လို့နေသည် ... ။

သွက်သွက်လက်လက်နဲ့ လုပ်ကိုင်နေပုံလေးက
လူငယ်ပီပီ ချစ်စရာလေးမို့ သူတို့မှာ ငေးကြည့်ရင်းနဲ့
ရင်တထိပ်ထိပ်ဖြစ်နေရလေသည် ...။

သခင်လေးတွေ့ရင် ဘာတွေပြောဦးမလဲ .. ။

ခြေဖျားတိုက်နေတဲ့ ဂါဝန်ဖားဖားလေးနဲ့
ဆံပင်တွေကို ဘီးကုတ်လေးနဲ့လှန်တင်ထားတာမို့
မနက်ခင်းရဲ့နေခြည်သစ်မှာ လှပတင့်ဆန်းလို့နေ၏ ။

💋 တစ်ဦးတည်းသော ဇနီးဆိုးလေး 💋[ Completed ]Where stories live. Discover now