part 39

6K 156 3
                                    

💋 တစ်ဦးတည်းသော ဇနီးဆိုးလေး 💋

အခန်း __ { ၃၉ }

_____________ 💥

" လူတွေက သေဆုံးပီးသွားရင် ဘာဖြစ်တက်လဲဟင် "

ဘုရားတန်ဆောင်းတစ်ခုမှာ မိုးခိုရင်း
မိုးမှုန်မှုန်လေးတွေကျနေတဲ့ အပြင်ဖက်ကိုငေးကာ
မေးခွန်းထုတ်လာတဲ့ သူမလေးကို ငဲ့ကြည့်မိသည် ..။

အနီရဲရဲ ပိုးချိတ်လုံချည်လေးကို
အနီရောင်ရဲနေတဲ့ ပိုးပြောင်အင်္ကျီလက်ပြတ်လေးနဲ့
တွဲဖက်ဝတ်ဆင်ထားပီး ရဲရဲရင့်ရင့်နဲ့ လှပနေသည် ...။

အနက်ရောင် ဆံပင်လေးတွေကိုတော့
ဘေးနှစ်ဖက်ဆီမှာ ကလစ်လေးတွေနဲ့
အပြောင်သိမ်းပီးညှပ်ထားတာမို့ ပြောင်ရှင်းနေတဲ့
မျက်နှာနုနုလေးက ပန်းရောင်သန်းနေလေသည် ...။

ခြေတွဲလောင်းချထိုင်နေပီး
လက်ဖဝါးချင်း ယှက်နွယ်ဆုပ်ကိုင်ထားတာမို့
နွေးထွေးမှုကို မျှဝေခံစားမိနေသည် ...။

" .......... "

လူကြီးလေးတစ်ယောက်လို
တွေးတောငေးရီနေတဲ့ မျက်နှာလေးက
အခါများစွာကနဲ့မတူပဲ တည်ငြိမ်လို့နေလေသည် ..။

ထဘီအောက်နားစ,လေးမှာ မြင်နေရတဲ့
ခြေဖမိုး ဖောင်းဖောင်းလေးတွေကို ငေးမိရင်း
သူမလေးအမေးအတွက် အဖြေတစ်ခုကိုပေးနိုင်ဖို့
မျက်နှာလေးထံကို အကြည့်တွေပြန်ရွေ့မိသည် ...။

" ........... "

" ဒီဘဝမှာ သေဆုံးပီးသွားမှတော့
နောက်ဘဝဆိုတာ မသေချာတော့ဘူးပေါ့ခလေးရယ်
ဘယ်သူမှ တိတိကျကျမသိပေမယ့် တစ်ချို့တွေက
နောက်ဘဝမှာ ကောင်းစားဖို့အတွက်ဆိုပီး ဒီဘဝမှာ
ကိုယ်ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားတစ်ခုခုမှာ
ဆုတောင်းကုသိုလ် ပြုလုပ်နေကြတာပဲမဟုတ်လား .."

" အဲ့ဒီလိုလုပ်ရင်ရော တကယ်ရလား .. "

ဘေးမှာရှိနေတဲ့သူ့ကို ငဲ့ကြည့်လာတဲ့
မျက်ဝန်းနက်လေးတွေက ရီဝေလို့နေလေသည် ။

ချုန်း သူမလေးရဲ့ လက်ဖဝါးလေးတစ်ဖက်ကို
သူ့လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်ရင်း ပေါင်ပေါ်ကို
ဆွဲယူတင်ကာ ခပ်ဖွဖွလေးပုတ်ပေးနေမိသည် ...။

💋 တစ်ဦးတည်းသော ဇနီးဆိုးလေး 💋[ Completed ]Where stories live. Discover now