157

7.5K 1.2K 57
                                    

{Unicode}

"ကျွန်တော့်အိမ်က သိုးကြီး"

ရန်ကျားလိ ရှုပ်ထွေးသွားလေပြီ။

နေ့လည်တုန်းက ယဲ့ထင်တစ်ယောက် သူ့အား ဤနေရာကို လာခိုင်းပြီး ညစာအတူ စားကြဖို့ရန် မက်ဆေ့ချ် ပို့ထားခဲ့သည်။

ရန်ကျားလိသည် ယနေ့ နောက်ဆုံးတွင်တော့ ယဲ့ထင်တစ်ယောက် ညစာစားပွဲ တက်စရာ မလိုတော့ဘဲ ယခင်က လုပ်ခဲ့သည့် အပြုအမူများကို နောင်တရ၍ သက်နှင်း ကြင်နာစွာဖြင့် မိမိနှင့် တူနှစ်ကိုတည်း ခဏတာမျှ ဖြတ်သန်းပေးမည်ဟု ထင်နေမိသေးသည်။ သို့သော် သီးသန့်ခန်းထဲ ဝင်လိုက်သည်နှင့် သိပ်သည်း များပြားလှသော လူလှိုင်းလုံးကြီးကို မြင်လိုက်ရသောအခါ မျက်လုံးမှာ ၅၀ ဆင့် အကြွေစေ့အတိုင်း ဝိုင်းစက်သွားတော့သည်။

ရန်ကျားလိသည် ယဲ့ထင်၏ အင်္ကျီထောင့်စွန်းကို တိတ်တိတ်ကလေး ဆွဲလိုက်ကာ ဖိနှိပ်ထားသော လေသံဖြင့် သူ့ကိုမေးသည်။

"မင်း ဘာလှည့်ကွက်တွေ သုံးနေပြန်ပြီလဲ"

ယဲ့ထင်က မည်သည့်စကားမှ မဆိုဘဲ ရန်ကျားလိ၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ကာ ပင်မထိုင်ခုံထက် ထိုင်နေသည့် အဘိုးယဲ့ကို ခေါင်းညိတ်ပြ၍ တလေးတနက် ဆိုလာသည်။

"ဘိုးဘိုး၊ လူကို ကျွန်တော် ရွေးချယ်ပြီးသွားပါပြီ"

အဘိုးယဲ့၏ လေသံမှာ မာန်ပါပါနှင့်

"မင်း သေချာ စဥ်းစားပြီးပြီလား"

ယဲ့ထင်က ဆိုသည်။

"သေသေချာချာကို စဥ်းစားပြီးသွားပါပြီ"

အဘိုးယဲ့သည် ပြာတစ်လှည့် ဖြူတစ်လှည့် ဖြစ်နေသော ဖန်လင့်ယီ၏ မျက်နှာကို တစ်ချက် ကြည့်လိုက်ရင်း လှောင်ပြုံးလိုက်ကာ ပေါ့ပေါ့ပါးပါး စကားဆိုလာသည်။

"ကိုယ့်ဘာသာကိုယ် သေချာစဥ်းစားပြီးရင် ရပါပြီ။ ငါက တခြားသူတွေလိုမျိုး မင်းရဲ့ကိစ္စကို ဝင်စွက်ဖက်မှာတော့ မဟုတ်ပါဘူး။ ငါက မင်းရဲ့ အရည်အချင်းတွေနဲ့ ကွမ်ဟွေ့ကို ကောင်းကောင်းမွန်မွန် ဆောင်ကျဉ်းပေးတာကိုပဲ လိုချင်တာပါ။ တခြားဟာကတော့ မင်း သဘောကျတယ်ဆို မင်းကိုယ်တိုင် ဆုံးဖြတ်ရင် ရပါပြီ"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now