Ch 43 game video clip အတွက် အရွေးခံခြင်း

8.9K 745 26
                                    

For Unicode

ကျိုရှန်း သည် တနင်္လာနေ့တွင် ပုံမှန်အတိုင်း အလုပ်လုပ်ရန် စတူဒီယိုသို့ သွားခဲ့သည်။ အခုမှ အလုပ်စဝင်ခါစမို့ တောက်တိုမယ်ရ လုပ်ရသည်။ ဒီလိုမျိုး လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က သူလုပ်ခဲ့ရသည်။ မထင်မှတ်ဘဲ၊ အခုပြန်လုပ်နေရသည်ပေါ့

ရိုက်ကွင်း ရောက် တော့ သူ့ လုပ်ဖော် ကိုင်ဖက် တော်တော်များများ ရောက် နေပြီ ။ ကောင်မလေးတော်တော်များများ တစ်ခုခုအကြောင်း အဆက်မပြတ် ပြောနေကြတာကို သူကြားနေရသည်

"အဲဒါ အမှန်ပဲလား .... ယန်မင်ရှို့ က စကားအများကြီး မပြောဘူးလား?"

"ဟုတ်တယ်၊ သူစကားပြောသံ ငါဖြင့် မကြားရပါဘူးဟယ်... အ များ အနေသလားတောင် ထင်ရ ...  ရုပ်ရှင်ထဲက အသံကောင်းလို့ အမည်တပ်ခံရလို့လား။"

"အင်း၊ သူက ပြောတော့ပြောပါတယ်.... စကားများများ မပြောတာ... cool boy ပုံစံ တော်တော်မိုက်တယ်"

"ဒါမျိုးက cool boy လို့ ဘယ်ခေါ်လို့ ရပါ့မလဲ... ပုံမှန်မဟုတ်တာမျိုးလို့ ငါတော့ထင်တာပဲ... ဖျော်ဖြေရေးနယ်ပယ်မှာ မရယ်မမော စကားမပြောရတဲ့ ဘယ်သူများရှိသလဲ... သူ့မိသားစုရဲ့ သြဇာညောင်းတဲ့ နောက်ခံနဲ့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကြောင့်သာ မဟုတ်ရင် သူနာမည်ကြီးမှာ မဟုတ်ဘူး။ ."

ကျိုရှန်း က သူတို့အနားမှာ ဖြတ်သွားရင်း ပေါ့ပေါ့ပါးပါး ပြုံးပြီး
"ညမလေးတို့၊ ဖျော်ဖြေရေး အသိုင်းအဝိုင်းမှာ လူ အမျိုးမျိုးရှိတယ်... ဒီလို စကားမျိုးတွေက သူငယ်ချင်းတွေကြားထဲမှာ ပြောလို့ အဆင်ပြေပေမယ့် တခြားသူတွေ ကြားသွားရင် အဆင်မပြေဘူး

မိန်းကလေးတွေ အံ့ဩသွား၏။ ကျိုရှန်း လို လူသစ်တစ်ယောက်က သူတို့ကို ဘယ်လိုများ လာပြောပါလိမ့် သူတို့ နားမလည်နိုင်။

သူ စီနီယာ မဟုတ်တော့ကြောင်း မသိစိတ်က သိလိုက်ပေမယ့် ခဏလောက်တော့ သူ မထိန်းနိုင်တော့ဘူး။

ဘာမှနားမလည်တဲ့ နုံအတဲ့မိန်းကလေးတွေကို သတိပေးချင်ပေမယ့် ပိုကြီးတဲ့အကြောင်းရင်းကတော့ ယန်မင်ရှို့ အကြောင်း ဘာမှမကြားချင်တာကြောင့်ပါ။ ကံမကောင်းစွာပဲ၊ ဒါက မဖြစ်နိုင်ဘူးဆိုတာ သူသိပါသည်။ ဖျော်ဖြေရေးနယ်ပယ်မှာ အလုပ်လုပ်နေသရွေ့ ယန်မင်ရှို့ ရဲ့ သတင်းအမျိုးမျိုးကတော့ ကြားရတော့မှာ‌ေပါ့‌ေလ

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now