Ch 95 ငါ့ဘဝနဲ့ငါ ရှင်သန်ခွင့်ပေးပါ

16.6K 968 43
                                    

For Unicode

ကျိုရှန်း ၏အိပ်ရာသည် 150cmX200cm တစ်ယောက်အိပ် အိပ်ရာဖြစ်သည်။ များသောအားဖြင့် သူအိပ်နေစဉ် သေးသည်ဟု မခံစားရသော်လည်း အရပ်ရှည်ရှည် လူကောင်ကြီးကြီး နှစ်ယောက်လဲလျောင်းမိသောအခါ ကုတင်သည် ကျပ်နေ၏။ ခက်ခက်ခဲခဲသူ လှည့်နိုင်သည်။ သို့သော် ယန်မင်ရှို့က ကျိုရှန်း အား တစ်ဖက်သို့လှည့်ရန် အခွင့်အရေးမပေးခဲ့ပါ။ ကျိုရှန်း ကို သူနှင့်နီးကပ်စွာ ဆွဲထားသည်။ အနည်းငယ် နှိပ်ကွပ်နေသလို ဖြစ်သော်ငြား အလွန်နွေး၏။ ကျိုရှန်း ၏ အခန်းတွင်အပူရှိန်ရှိသော်လည်း ပြတင်းပေါက်ကို တင်းတင်းကျပ်ကျပ်ပိတ်ထားခြင်း မရှိသောကြောင့် အေးသောလေက အထဲတွင် အမြဲတမ်း ယိုစိမ့်ထွက်နေသည်။ ယနေ့ညတွင် သူသည် လေအေးနှင့် ထိတွေ့ခြင်းမရှိဘဲ သူ့ခန္ဓာကိုယ်ရှိ ဆဲလ်အားလုံး ယန်မင်ရှို့ မှ လာသည့်အပူနှင့် ပြည့်နှက်နေသည်။

သူတို့နှစ်ဦး နိုးလာသောအခါ မွန်းတည့်အချိန်နီးနေပြီ ဖြစ်သည်။

ကျိုရှန်း နာရီကြည့်လိုက်ကာ အိပ်ယာပေါ်မှ ချက်ချင်း ထလိုက်သည်။ သူသည်များသောအားဖြင့် ဤအချိန်အထိအိပ်ပျော်လေ့ရှိသည် မဟုတ်။ အရမ်းမပင်ပန်းလျှင် သူ့မှာစောစောထလေ့ရှိသည်။ ပြီးခဲ့သည့်ညက သူသည် အလွန်ပင်ပန်းနွမ်းနယ်ခဲ့သည်။ ဒီလိုမှမဟုတ်ရင် သူဟာ အခုထိ အိပ်ပျော်မှာ မဟုတ်ဘူး။

သူရွှေ့လိုက်သည်နှင့်တပြိုင်နက် ယန်မင်ရှို့လည်း နိုးလာကာ သူ့ကိုငေးကြည့်သည်။

ကျိုရှန်း ကသူ့ကို လက်သီးဖြင့် အသာထိုးကာ 

“ ထပါ၊ ၁၁ နာရီ ထိုးခါနီးပြီ"

"အိုကေ " 

ယန်မင်ရှို့ တုန့်ပြန်သော်လည်း သူ၏လက်များသည် ကျိုရှီအန်း ခါးပတ်ပတ်လည်တွင် ဖက်ထားကာ ညင်သာစွာပြောလိုက်သည်။

“ ကျွန်တော်တို့ ဘာမှလုပ်စရာမှ မရှိတာ … နည်းနည်းကြာကြာလေး အိပ်ရအောင်"

ကျိုရှန်း က ဒေါသသံ အနည်းငဟ်ဖြင့်

“ မရဘူး ငါ့အမေက ထမင်းစားဖို့ လာခေါ်လိမ့်မယ်"

ယန်မင်ရှို့ ဘာမှမပြောခဲ့ပါ သို့သော် သူ၏ခါးကို တင်းတင်းဖက်ကာ ရင်ခွင်အတွင်း ခေါင်းတို့ဝှေ့လျက်

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now