Ch 83 ခန္ဓာကိုယ်ကို သွားကြည့်ရန် အစီအစဉ်ဆွဲကြခြင်း

12.1K 923 35
                                    

For Unicode

ကျိုရှန်းသည် ကိုယ့်အလောင်းကို ကိုဟ်ပြန်တောင်းရမည့်နေ့ ရှိလာမည်ဟု ဘယ်သောအခါကမှ မထင်မိခဲ့။ ထိုကဲ့သို့သော စိတ်ပျက်ဖွယ်ရာနှင့် ရက်စက်သောအရာသည် သူတွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သည်။

ဤသတင်းသည် အရမ်းကို ထိတ်လန့်တုန်လှုပ်စရာကောင်းလွန်း၍ သူကိုယ်တိုင် သူ့အလောင်းကို ကြည့်ဖို့ သတ္တိရှိလားပင် ကျိုရှန်း မသိတော့ ။

သူ၏စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာဖြင့် သူ၏ခန္ဓာကိုယ်ကို နေရာတစ်ခုတွင် ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် ထင်ယောင်ထင်မှားဖြစ်စေသောအရာများကို စွဲကိုင်ထားဆဲဖြစ်သည်။ တစ်နေ့တွင် ဘုရားသခင်သည် သူ၏ကိုယ်ခန္ဓာသို့ ပြန်ခွင့်ပြုရန် ကြင်နာလိမ့်မည်။ သူကဖြစ်ပျက်ခဲ့သမျှကို စိတ်ကူးယဉ်အိပ်မက်ကဲ့သို့ ယူဆထားသည်။ သို့သော်သတင်းကို သူကြားသောအခါ ဤနောက်ဆုံးမျှော်လင့်ချက်သည် လုံးလုံးပျက်စီးသွားရသည်။

ချိုင့်ဝေ ၏ပြောကြားချက်အရ မည်သူမည်ဝါဖြစ်ကြောင်း အသွင်အပြင်ဖြင့် ဆုံးဖြတ်ရန် မဖြစ်နိုင်။ သူဝတ်ဆင်ထားခဲ့သော အဝတ်အစားနဲ့ သယ်ဆောင်သွားခဲ့သော ဓာတ်ပုံပစ္စည်းကိရိယာတွေကြောင့် သာ သူဟု ယူဆနေခြင်းဖြစ်သည်။ နောက်ဆုံးအတည်ပြုချက်အတွက် DNA စစ်ဆေးမှုတစ်ခု လိုအပ်သည်။ ချိုင့်ဝေက ပြောပြရသည့် အကြောင်းပြချက် ကတော့ ကွမ်ရှီးကို သွားချင်လား၊ အလောင်းကို ကြည့်ချင်လားဟူသော သူ့အမြင်ကို သိရဖို့သာပင်။ နောက်ဆုံးတွင်မတော့ ၄င်းသည် ကျိုရှန်း ၏ကိုယ်ပိုင် (ခန္ဓာကိုယ်) ဖြစ်သည်။

လန်ရှီရုံ သည် တချိန်လုံး တိတ်ဆိတ်စွာနေသည် သူသည် အလွန်ထိတ်လန့်တုန်လှုပ်နေရာ သူ၏အာရုံပြန်မရသေးပုံပင်။ သူ၏လက်ကို  ကျိုရှန်း ရဲ့နောက်ကျောပေါ် တင်ထားလိုက်ပြီး အသာပုတ်ပေးနေ၏။

အချိန်အတော်ကြာပြီးနောက်, ကျိုရှန်း ကြည့်လာသည်။ သူ့မျက်လုံးများက နီရဲနေလျက် စိတ်လှုပ်ရှားစွာ ထပ်ကြည့်လာပြန်သည်။ သူက အသံတိတ်မြည်တမ်းရင်း
“‌ေဝ‌ေကာ ကျွန်တော်နဲ့ အတူလိုက်ပေးပါ… ကျွန်တော် သွားကြည့်ရမယ်… ဒါက ကျွန်တော့မိဘတွေ ပေးတဲ့ခန္ဓာကိုယ်ပဲ… ဒါကြောင့် ကျွန်တော်သွားရမယ်… စီမံရမယ် "
ကျိုရှန်း နှာရှုပ်လိုက်သည်။
"ကျွန်တော်နဲ့အတူ သွားပေးပါ … ပြန်မယူနိုင်မှာ ကြောက်မိတယ် "

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now