159

6.9K 1.2K 96
                                    

{Unicode}

"စွန့်ပစ်ခြင်း"

လီတာ့၏ လေသံမှာ အမှန်တကယ်ကို ရင့်သီးနေ၏။

ဝမ်ယန်မှာ ထိတ်လန့်မှုကို ကြုံကြိုက်လိုက်ရသည့် ယုန်တစ်ကောင်အလား ခန္ဓာကိုယ်က ရုတ်တရက် တုန်တက်သွားကာ မျက်နှာမှာလည်း ခဏတွင်းချင်း ဖြူဆုတ်လာသည်။

သူသည် ကယောက်ကယက်နှင့် တောင်းပန်ပါတယ်ဟု ပြောလိုက်ကာ လေရူးအတိုင်း တံခါးပြန်ပိတ်သွားတော့သည်။

ဤစင်္ကြန်လမ်းတွင် ဆိုင်းဘုတ်များ မချိတ်ဆွဲထားသည်မို့ လေ့ကျင့်ခန်းက ဘယ်အခန်းမှန်း ဝမ်ယန် တကယ် သိမနေတော့။ သို့သော်လည်း အခြားတံခါးကို စမ်းဖွင့်ကြည့်ဖို့လည်း မဝံ့ရဲလေတော့ နေ့တစ်ဝက်လောက် တွန့်ဆုတ်နေပြီးနောက် အားကစားခန်း၏ နံဘေးတွင်သာ ထိုင်ချလိုက်သည်။

လီတာ့ လေ့ကျင့်ခန်း လုပ်ပြီးသည့်နောက် အထဲမှ ထွက်လာချိန်တွင် ဝမ်ယန်ကို ထပ်တွေ့လိုက်ရပြန်သည်။

ဝမ်ယန်က ခွေးခြေလေးပေါ် ထိုင်နေပြီး မျက်နှာက လေတိုက်မှုကြောင့် ရောဂါစွဲကပ်နေသလို ဖြူဖတ်နေ၏။

သူသည် အမှန်တကယ်ကို ပိန်လွန်းနေပြီး မျက်တွင်းကလည်း ချောင်ကျနေကာ မျက်ဝန်း တစ်စုံမှာလည်း နက်စွေးနေသော စပျစ်သီးကို မျက်လုံးအိမ်ထဲ အတင်းအကြပ် တွယ်ကပ် ချုပ်ထားရသလိုပင်။ သူက ဘာတွေထည့်ထားမှန်း မသိသည့် ကျောပိုးအိတ်လေးကို ပိုက်ထားပြီး အသံတစ်ချက် မထွက်ဘဲ ငြိမ်ငြိမ်ဆိတ်ဆိတ် ထိုင်နေသည်။ လီတာ့ ထွက်လာသည်ကို မြင်သောအခါ ခိုးကြည့်ဖို့ရန်သာ သတ္တိရှိတော့ပြီး စကားစမြည်ပြောဖို့ မဝံ့ရဲ၍ သူ့ခမျာ တွန့်ဆုတ်တွန့်ဆုတ်သာ ဖြစ်နေလေ၏။

လီတာ့က ခနဲ့စွာ ပြုံးလိုက်ကာ

"ဟန်ဆောင်နေပြန်ပြီ"

လီတာ့ကတော့ အကျွမ်းတဝင် ရှိစွာဖြင့် မျက်နှာချင်းဆိုင်မှ လေ့ကျင့်ခန်း တံခါးကို တွန်းဖွင့်ပြီး ဝင်သွားသည်။

ဝမ်ယန်က သူဝင်သွားတာကို စောင့်နေပြီးမှ မတ်တတ်ရပ်လိုက်ကာ ခပ်ဆိတ်ဆိတ်နှင့် ကျယ်ပြောသော လေ့ကျင့်ခန်းထဲ ဝင်လာသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now