Chapter-32

4.8K 606 4
                                    

Gu Shao seemed to have completely forgotten that Lin Xi is a 14-year-old junior high school student who needs to go to school. (2)

..........
Unicode

group ownerကတော်တော် ရွှင်ရွှင်မြူးမြူးရှိတာပဲ။

လင်းရှီစက္ကန့်တစ်ဝက်လောက် ဦးနှောက်ထဲ blankဖြစ်သွားပြီး IDကိုသုံးပြီး ဝင်လိုက်ကာ groupကို joinရန် requestပို့လိုက်သည်။

သူမrequestပို့ပြီး response မမြင်ရတဲ့အခါမှာ သူမအရမ်းကြီးတော့ မစိုးရိမ်ခဲ့ဘူး။
သူမရဲ့ကျောင်းနဲ့ပတ်သတ်ပြီး အပူလုံးကြွခဲ့တဲ့အဖြစ်ပျက်က မြန်မြန်ပဲမေ့ပျောက်သွားခဲ့တယ်။

.........
ထိုနေ့ နေ့လည်မှာ သူမကိုဂူရှောင်းက ညစာမလုပ်ဖို့ မှာထားတာမလို့ လင်းရှီ pancakeအနည်းငယ်ပဲ လုပ်လိုက်ပြီး ဂူရှောင်းအိမ်ပြန်လာမှာကို စောင့်နေလိုက်တယ်။

သူမ တော်တော် တော်တော့်ကိုကြာအောင် စောင်ခဲ့ပေမယ့် ဂူရှောင်းက ပြန်မလာသေးဘူး။

သူမ ဂူရှောင်းကို ပြောစရာရှိတယ်။ ဒါကြောင့် အိပ်ရာဝင်ဖို့ အင်တင်တင်ဖြစ်နေတာရယ်။ ဂူရှောင်းကို ဧည့်ခန်းထဲမှာ စောင့်ဖို့ဆုံးဖြတ်လိုက်ပြီး တံခါးကိုပဲ ဗလာကျည်စွာ စိုက်ကြည့်နေလိုက်သည်။

နောက်ဆုံး ဘယ်လိုအိပ်ပျော်သွားမှန်း သူမ မသိလိုက်ဘူး။

..........
ဒီနေ့ ထုတ်ကုန်အသစ် စမ်းသပ်တဲ့နေ့။ ဂူရှောင်းက NTNနည်းပညာစင်တာမှာ နောက်ကျတဲ့အထိနေခဲ့ရ၏။

အိမ်ပြန်ရောက်တော့ ညသန်းခေါင်တောင်ရောက်နေပြီ။

အိမ်က မှောင်ပြီး တိတ်ဆိတ်နေ၏။ ဂူရှောင်းနဲ့ အသားကျနေတဲ့အိမ်ပုံစံကြောင့် သူ့မှာကလေးတစ်ယောက်ရှိတယ်ဆိုတာ မေ့တော့မလိုကို ဖြစ်သွားစေခဲ့တယ်။

ဂူရှောင်း အများကြီးမတွေးပဲ ကလေးကို အိပ်ရာဝင်သွားပြီလို့ ယူဆလိုက်သည်။

သူဧည့်ခန်းကို ဖြတ်သွားတဲ့အခါမှာ တစ်ယောက်ယောက် ဆိုဖာပေါ်မှာ ကွေးကွေးလေးအိပ်ပျော်နေတာကို တွေ့လိုက်ရသည်။

အိပ်ပျော်နေတဲ့လင်းရှီကတော့ လူတစ်ယောက် သူမဘေးနားရောက်လာတာကို မသိလိုက်ဘူး။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now