Chapter-57 "You look so cool eariler, Dad" (1)

4.8K 569 2
                                    

Unicode

ဂူရှောင်း တခြားကားပေါ်တက်ပြီး ရွာဘက်ကို မောင်းသွားတာကိုမြင်တော့ လင်းရှီ မျက်မှောင်ကြုံ့လိုက်သည်။

ရုတ်တရက် လင်းရှီအတွေးတစ်ခု ပေါ်လာသည်။ ဂူရှောင်းက ကျောင်ချန်းအိမ်ကို သွားနေတာလား။

...........
လင်းရှီတွေးတာ မှန်ပါ၏။ ဂူရှောင်းက ကျောင်ချန်းကို သွားရှာခဲ့တာဖြစ်သည်။

ထိုအချိန် ကျောင်ချန်း၏အိမ်တံခါးဟာ တင်းတင်းကျပ်ကျပ် ပိတ်ထားသည်။ အပြင်ကကြည့်လိုက်ရင်တော့ သာမန်လိုဘဲဆိုပေမယ့် တကယ်က ကျောင်ချန်းကို ထိန်သိမ်းထားတဲ့ ကောင်းကောင်းထရိန်းထားသော bodyguardခြောက်ယောက် ခုနှစ်ယောက်လောက် ကျောင်ချန်း၏အိမ်ဝင်းထဲကို ရောက်နေသည်။

သူတို့၏ခေါင်းဆောင်က ဂူရှောင်းကို တံခါးကိုဖွင့်ပေးသည်။

ထိုလူက ဝမ်လုဖြစ်သည်။

ဝမ်ဝူလိုဘဲ သူကလည်း ဂူမိသားစု၏ဝန်ထမ်းတစ်ယောက်ဖြစ်သည်။ ကွာခြားချက်က ဝမ်ဝူသည် ပွင့်လင်းမြင်သာရှိတဲ့ ကိစ္စတွေကို ကိုင်ကွယ်ရပြီး ဝမ်လုကတော့ ပါးနပ်ရမယ့်အလုပ်တွေကို ကိုင်တွယ်ရသည်။

သာမန်ဆို တော်တော်အရေးကြီး ထူခြားတဲ့ကိစ္စမရှိရင် ဝမ်လုကို ခိုင်းစရာမလိုပေ။

"Sir"
ဝမ်လုက ဂူရှောင်းကို ခေါင်းငုပ်ကာ ပြောလိုက်သည်။

"ဘယ်မှာလဲ"
ဂူရှောင်းအသံက တော်တော်အေးစက်နေသည်။

"အထဲမှာပါ Sir"
ဝမ်လုက ဂူရှောင်းကို အဓိကအိမ်၏လမ်းကြောင်းကို ညွှန်ပြလိုက်သည်။

ဂူရှောင်း ခေါင်းညိမ့်ပြကာ အထဲကိုဝင်လိုက်သည်။

...........
အိမ်ထဲမှာ bodyguardနှစ်ယောက်ရှိသည်။ ကျောင်ချန်းက ကြောက်လန့်နေပုံရကာ ထောင့်မှာ ကိုယ်ကိုကျုံ့ထားသည်။ သူ့မျက်နှာပေါ်က အကြောက်တရားကို ကြည့်ပြီး သူဘာတွေလုပ်ခဲ့မိမှန်း ဘယ်သူကို အပြစ်ပြုမိမှန်း သူမသိဘူးဆိုတာကို ပြောနိုင်သည်။

ဂူရှောင်းကို မြင်ပြီး ကျောင်ချန်းက ပိုပြီးတော့ တုန်လှုပ်လာလေသည်။ --ဂူရှောင်းက ဘယ်သူလဲဆိုတာ သူမသိဘူး။ ဒါပေမယ့် ဂူရှောင်း၏အော်ရာနှင့် တခြားသူတွေ၏ ဂူရှောင်းအပေါ် ဆက်ဆံပုံကိုကြည့်ပြီး bossဖြစ်လောက်မယ်လို့ သူတွေးမိသွားသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now