Chapter-127

4.9K 628 23
                                    

That sounded like her teacher needed to talk to her parents but Gu Xi didn't figure out what she had done wrong. (1)

..........
Unicode

"ငါ့အသင်းလို့ ပြောလိုက်တာလား"

"ဟုတ် ဒီတစ်ခုလေ"
ဝမ်ဟွာကျိုးသည် ဂူရှောင်းအသင်း informationတွေကို ထုတ်ယူပြီး သူ့ရှေ့ကို ထားလိုက်သည်။ 

.............
သူ့အသင်းဆိုတဲ့ဒါက ဘာကြီးလဲ။

ဂူရှောင်းက ဝမ်ဟွာကျိုးဆီက registration informationကို ကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။

အလွန်ရင်းနှီးနေသော နာမည်ကို တွေ့၍ သူကြောင်သွားရသည်။ ဂူရှောင်းအံ့သြသွားတယ်ဆိုတာက နေ့တိုင်းမဖြစ်နိုင်ပေ။ သူ၏ပထမဆုံးတုံပြန်မှုက သူ့နှင့်နာမည်တူရှိတဲ့ လူတစ်ယောက်ဆိုပြီး ဖြစ်၍ နောက်အတွေးကတော့ သူ့identityအခိုးခံရပြီဆိုပြီးဖြစ်သည်။

အံအားသင့်မှုကို ဘေးထား၍ ဂူရှောင်းသည် စကားတစ်ခွန်းမဆိုဘဲ ဆက်ဖတ်နေသည်။

သူ့နာမည်၊ သူ့ID number၊ သူ့လိပ်စာတောင်မှ မှန်နေသည်။

ဘယ်လိုလုပ် ထျန်းချူအန်းပြိုင်ပွဲအတွက် registrationလုပ်မိသွားလဲ ဆိုတာကို သူမသိလိုက်သည်က လွဲ၍ပေါ့။

ဂူရှောင်းသည် မျက်ခုံးပင့်လိုက်ပြီး ရုတ်တရက် ပရိယာယ်များတဲ့ကောင်မလေးတစ်ယောက်၏ မျက်နှာသည် သူ့စိတ်ထဲပေါ်လာလေသည်။

အခု သူ့identityကို ခိုးသွားတဲ့သူက ဘယ်သူလဲဆိုတာကို သူသိရှိသွားလေသည်။

လူအများစုသည် သူ့၏ဤကဲ့သို့informationတွေကို မသိကြချေ။ ဂူမိသားစုကနေ ပြောင်းလာပြီးနောက် သခင်ကြီးဂူနှင့် တခြားလူတွေတောင်မှ သူ့အိမ်ထောင်စုဇယားပေါ်မှာ သုံးထားသော လိပ်စာကို မသိကြပေ။

သူ့လိပ်စာကို သိပြီး သူ့ID numberကို ဖြည့်နိုင်တဲ့ တစ်ဦးတည်းသောလူက သူနှင့် အိမ်ထောင်စုဇယားအတူတူထဲမှာ ရှိသော ကောင်မလေးပင်ဖြစ်သည်။

ဂူရှောင်း,"တခြားလူတွေရဲ့ informationရော"

"ဒီမှာပါ။ ဒါတွေက အသင်းကတခြားလူတွေရဲ့ informationတွေပါ"
ဝမ်ဟွာကျိုးသည် စာရွက်စာတမ်းတွေကို ဂူရှောင်းဆီသို့ ပေးလိုက်လေသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now