part8

568 40 0
                                    

"boss...ရေ

ကြိုးတစ်လုံးအကျီလက်ပြတ်
တစ်ထည်
ဂျင်းဘောင်းဘီအတိုတစ်ထည်သာ၀တ်ဆင်ထားသောသူမ

ထို့အပြင်ချွဲပစ်သောအသံဖြင့်
"Bossရေတဲ့"

အဲ့လိုအော်ခေါ်ရင်း

Companyထဲသို့တစ်ဇွတ်ထိုး
၀င်လာ‌သည်။

"မဂ်လာပါဗျ
ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ"

"နင့်bossရော?

"ဟုတ်ကဲ့ဗျ
ရက်ချိန်းရှိလားမသိဘူး"

"ဘာတွေပြောနေတာလဲ
ဘာကိုရက်ချိန်းလဲ

"ကြိုချိန်းထားခြင်းမရှိရင်တော့
တွေ့ခွင့်မရပါဘူးဗျ"

အမဒါဘာလုပ်တာလဲ"!

ရုတ်တရက်ထိုပြောနေတဲ့လူကို
ကျော်ပြီးအထဲသို့၀င်သွားခဲ့တယ်။

သူမရဲ့အပြင်ပိုင်းယဉ်ကျေးမှု
မရှိတဲ့အပြင်
အပြောအဆိုတွေအပြုအမူတွေကပါပို၍ယဉ်ကျေးမှုမရှိပေ။

"Boss...

ရုံးခန်းထဲသို့တည့်တည့်မတ်မတ်
၀င်လာသောသူမ

"မင်းကဘယ်သူလဲ?

"တို့နာမည်ကyoonပါ
interviewလာဖြေတာပါbossရဲ့"

ပြောရင်းနဲ့သူမလက်တွေဟာ
တစ်ဖြည်းဖြည်းTaehyungရဲ့ရင်ဘတ်ဆီသို့

"ဘယ်လိုလဲ
yoonကိုခန့်မယ်မဟုတ်လား"

ရုတ်တရက်Taehyungပေါင်ပေါ်သို့တက်ထိုင်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်နေရတဲ့
ynအဖို့သိပ်အဆင်မပြေတော့ပါ။

"Bossကလည်း
ဖြေလေ...

ငြိမ်သက်နေတဲ့Taehyungကို
ပြောလိုက်ရင်းသူမမျက်နှာဟာ
Taehyungမျက်နှာနားသို့ကပ်သွားလိုက်သည်။

*ဘုန်း*!

ဆက်ပြီးသည်းမခံနိုင်တော့တာကြောင့်ထိုင်ခုံပေါ်ကထပြီး
အနားကဖိုင်ကိုယူ၍စားပွဲကို
ထုလိုက်သည်။

"ဒီမှာ!
နည်းနည်းပါးပါးအဆင့်ရှိစမ်းပါ
ကြည့်နေရတာအဆင်ပြေမနေဘူးနော်"

"စောက်ကောင်မ!
နင်ကဘာမို့လို့ငါ့လာပြောနေတာလဲ
ဟမ်!

ငယ်ငယ်ကတည်းက
တစ်ခါမှဒီလိုမျိုးအဆဲမခံရတဲ့
yn။

အခုလိုသူ့ကို‌ဒီလိုလာဆဲတယ်ဆိုတော့သူသည်းခံပါ့မလား။

"နင်လွန်မလာနဲ့နော်!

"လွန်တော့ဘာဖြစ်လဲ
အလုပ်သမားကများ

"ဖြန်း!

မထင်မှတ်ထားစရာဖြစ်ရပ်တစ်ခု။

ရုတ်တရက်
Taehyungလက်ဝါးဟာ
ထိုမိန်းမပါးပြင်ဆီသို့

"မင်းသူ့ကိုပြောစရာမလိုဘူး"

"Boss...yoon..ကိုပါးရိုက်တယ်!

"ရိုက်တယ်ဘာဖြစ်လဲ!
မင်းငါ့လူကိုထိစရာမလိုဘူး

"တောက်!

ထိုမိန်းမလည်းခြေဆောင့်ပြီး
ထွက်သွားလေတယ်။

"yn..

"......."

ကိုယ့်ကိုအဖြေတောင်းထားတဲ့
ယောကျာ်းတစ်ယောက်က
ဒီလိုတခြားမိန်းမတစ်ယောက်နဲ့
ပလူးပလဲလုပ်နေတာကိုလက်မခံ
နိုင်ပေ။

သူ့ဘက်ကပြတ်ပြတ်သားသား
မငြင်းဘဲသူမ ပြောမှပြန်ပြောသောထိုလူ။

အနည်းငယ်စိတ်ဆိုးသွားတာတော့အမှန်ပင်။

"သ၀န်တိုနေတာလား
ခလေး"

ခလေးတဲ့လား။
ခေါ်တဲ့ပုံလေးကအသဲယားစရာ

အနည်းငယ်မျက်နှာမဲ့နေရာမှ
သူမနည်းနည်းပြုံးလာခဲ့တယ်။

"ဒါနဲ့များကိုယ့်ကိုမချစ်ဘူးတဲ့"

ဟုတ်ပါတယ်။
အမှန်တော့သူ့ကိုမချစ်ပါဘူး
ဒါမဲ့ဘာလို့ခနကသွေးပူပြီးသ၀န်တိုသွားလည်းဆိုတာနားမလည်ပေ။
သူ့ကိုတားခွင့်မရှိဘူးဆိုတာ
မေ့သွားတဲ့အခိုက်အတန့်‌လေးပေါ့။

ဧကန်နအချစ်ကြောင့်များလား။

"ခလေး
ကိုယ့်ကိုစကားပြန်ပြောဦးလေ"

နောက်ကျောပေးထားတဲ့
ကောင်‌မ‌လေးကိုလက်နှစ်ဖက်ဖြင့်
သူ့ပခုံးကိုညင်သာစွာကိုင်လိုက်ရင်း
"သူ"ရှိရာဘက်ကိုဆွဲလှည့်လိုက်တယ်။

"မသိဘူး မချစ်ဘူး"

"ခလေးရယ်
မင်းလေးကဖြူစင်လွန်းတယ်"

"ဒါနဲ့နေပါဦး
ရှင်ကကျွန်မကိုကြိုက်တယ်ပြောပြီးဘာလို့သူနဲ့ပလူးပလဲလုပ်နေတာလဲ"

အမှန်တော့
ynသ၀န်တိုနေမှန်းသိလို့
တမင်ငြိမ်နေခဲ့တာပါ။

သူမသ၀န်တိုတဲ့ပုံလေးက
ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်သလဲ။

သေချာတာကတော့သူတို့နှစ်ယောက်လုံးအချစ်မှာနစ်မြောခဲ့ပြီ

#မိုပက်🍂

ချစ်ခြင်းတရားရဲ့ချုပ်နှောင်ခြင်းWhere stories live. Discover now