part9

573 37 0
                                    

"ချစ်တယ် yn"

သူတို့နှစ်ယောက်ရဲ့မျက်နှာအနေအထားဟာသိပ်ကိုမကွာဝေး။

ထိုသို့မဆုံးသေး
နှုတ်ခမ်းသားလေးတွေက
တစ်ခုနဲ့တစ်ခုပူးကပ်ကာ။

သူမလည်းမငြင်းဆိုနိုင်ခဲ့ဘူး။

အချိန်အတော်ကြာ
နှုတ်ခမ်းသားလေးနှစ်ခုပူးကပ်ပြီးတဲ့နောက်

"ချစ်တယ် Taehyung"

----------------------------
ဒီလိုနဲ့သူတို့နှစ်ယောက်
‌တစ်နေ့ထက်တစ်နေ့အချစ်တွေ
ပိုတိုးလာကာ

"ကိုရေ"

"ဗျာ"

"ဒီနေ့အမေနဲ့ပေးတွေ့ပေးမလို့"

အမေနဲ့Taehyungကတစ်ယောက်ကိုတစ်ယောက်သိကြပေမဲ့
အမေ့ဘက်ကbossနဲ့အတွင်းရေးမှူး
အနေနဲ့ဘဲထင်ထားခဲ့တာ
အခုတော့ချစ်သူကောင်လေး
အနေနဲ့မိတ်ဆက်ပေးရတော့မယ်။
အမေ့ဘက်ကသဘောတူဖို့ဘဲ
မျှော်လင့်မိတယ်။

"သမီး..ပြန်လာပြီလား"

"အမေသမီးမိတ်ဆက်ပေးစရာရှိတယ်"

"သမီးနဲ့Taehyungတွဲလိုက်ကြပြီ"

"ဘာ!

"အမေ လက်ခံပေးပါနော်"

"ဟုတ်ပါတယ်အန်တီရယ်
သားynကိုတကယ်ချစ်တာပါ"

"အေးပါကွယ်
သားနဲ့သမီးတို့တကယ်ချစ်ကြရင်လည်းအမေသဘောတူပါတယ်"

သူ့သမီးလေးပျော်ရွှင်ဖို့အတွက်
ဘာကိုနှောင့်နှေးရမှာလဲ။

ထိုချိန်*

"Taehyung!
မင်းမိန်းမရတော့မယ်ဆို"

ရုတ်တရက်အိမ်ထဲသို့
အလောတကြီး၀င်လာတဲ့bin

"ဟင် ဘာတွေပြောနေတာလဲ"

"မင်းအမေနဲ့ညီမပြောတာ
ကြားခဲ့တာ မင်းကိုမိန်းမပေးစား
တော့မှာတဲ့"

"ကိုကို!

"yn..အဲ့လိုမဟုတ်ဘူး'
ကိုသွားရှင်းမယ်!

-----------------------------
"အမေ!

အိမ်ထဲသို့အလောတကြီး
၀င်သွားပြီးဆိုဖာပေါ်မှာဖုန်းထိုင်ကြည့်နေတဲ့အမေဖြစ်သူကိုပြောလိုက်တယ်

"ပြောလေ

ဖုန်းကြည့်ရင်းနဲ့"ဘာလဲ"ဆိုတဲ့
အဓိပယ်နဲ့မျက်စလေးတစ်ချက်
ပစ်လိုက်တယ်။

"အမေ သားကိုမိန်းမပေးစားမလို့ဆို ဟုတ်လား?

"အေးလေ
သဘက်ခါ"

"ဘာကိုသဘက်ခါ‌လဲအမေ!
သားသဘောမပါဘဲနဲ့အတင်းအကျပ်လုပ်လို့မရဘူးလေ"

"နင့်သဘောမလိုဘူး
ငါကကောင်းစေချင်လို့စီစဉ်တာ
အာမခံနဲ့!

"ဒါမဲ့ သားမှာချစ်ရတဲ့သူရှိနေပြီလေ"

"ဘာ!ချစ်ရတဲ့သူဟုတ်လား!
သူကဘာအလုပ်လုပ်လဲ
အဆင့်‌အတန်းရောရှိလား?

အမေ့ရဲ့များပြားလှတဲ့
မေးခွန်းတွေ။

သူတစ်ပါးကိုအထင်အမြင်သေးတဲ့
ပုံစံနဲ့မေးခွန်းတွေ။

"သားရဲ့အ‌တွင်းရေးမှူး"

"ဘာ!အ့ဆိုအလုပ်သမားပေါ့
ငါသဘောမတူဘူးနော်
KimTaeHyung!

"အင်းပါ
အ့ဆိုဖြတ်လိုက်မယ်"

တခြားတော့မဟုတ်။
အမေဖြစ်သူသဘောမတူမှန်း
သိနေတာမို့
တခြားအကြံအစီစဉ်းစားမိရင်း
ပြောလိုက်တယ်။

"ဒါမှပေါ့ ငါ့သားရဲ့
မှတ်ထား အမေတို့မျိုးရိုးက
ဆွေကြီးမျိူးကြီးတွေ !ဒါကြောင့်မို့
အမေတို့နဲ့အဆင့်တူတဲ့သူတွေနဲ့ဘဲ
လက်ထပ်ရမယ်!ကြားလား သား"

"ဟုတ်ကဲ့ပါအမေ"

----------------------------
#မိုပက်🍂

ချစ်ခြင်းတရားရဲ့ချုပ်နှောင်ခြင်းWhere stories live. Discover now