161

6.7K 1K 47
                                    

{Unicode}

"သိုးအော်သံ"

ယဲ့ထင်က မျက်တောင် ပုတ်ခတ် ပုတ်ခတ်နှင့်။

သူသည် ရန်ကျားလိ၏ ခါးကို ဆွဲလိုက်ကာ ရန်ကျားလိ၏ ကိုယ်ငွေ့ကို ရှူရှိူက်ရင်း လက်ချောင်းများက အသံမပြုဘဲ ရန်ကျားလိ၏ ရေချိုးဝတ်ရုံထဲ စူးစမ်း ဝင်ရောက်လာကြသည်။

စကားဆိုမည်ကြံတုန်း ယဲ့ထင်လက်က တစ်စုံတစ်ခုကို စမ်းမိသွားပုံပေါ်ပြီး အကြည့်က ရုတ်ခြည်း မှောင်မိုက်သွားကာ

".....တန်းလန်းကြီး?"

ရန်ကျားလိက ကျစ်စုတ်သတ်ကာ ယဲ့ထင်၏လက်ကို မိမိ၏ ရေချိုးဝတ်ရုံထဲမှ အားနှင့် ဆွဲထုတ်လိုက်ပြီး အဆဲပြုသည်။

"လူယုတ်မာ!"

ယဲ့ထင်က လက်ကိုပြန်ဆွဲပြီး ကူကယ်ရာမဲ့ ပြုံးလိုက်ကာ

"မင်း အတွင်းခံ မဝတ်ထားဘဲ အခန်းထဲ နေရာတကာ တယမ်းယမ်း လုပ်နေတာ အသိသာကြီးကို။ ပြီးတော့ အားဖူနဲ့ ရှောင်ဟွမ်ကိုတောင် မျက်လုံးပျက်အောင် သွားလုပ်လိုက်သေးတယ်။ အခုကျမှ ကိုယ့်ဆီ အပြစ်ပုံချပြီး ကိုယ့်ကို လူယုတ်မာလို့ ပြောတယ်ပေါ့"

ရန်ကျားလိ၏ လည်ပင်းက မတ်သွားပြီး ခေါင်းမာမာနှင့် အမှားကို ဝန်မခံလိုဘဲ

"ငါက တန်းလန်းကြီးဆိုတော့ ဘာဖြစ်လဲ၊ အတွင်းခံ မဝတ်ထားတော့ရော ဘာဖြစ်လဲ၊ နေရာတိုင်းမှာ တယမ်းယမ်း ဖြစ်နေတော့ရော ဘာဖြစ်လဲ။ မင်းမှာ ကန့်ကွက်စရာ ရှိလား"

"အိမ်တောင် ပြန်ရောက်နေပြီကို၊ မင်းကငါ့ကို ကိုယ်ပိုင် လွတ်လပ်ခွင့် မပေးသေးဘူးလား။ ထပ်ပြောရရင် သိပ္ပံနည်းကျ သုတေတနမှာ ဖော်ပြထားတာဆို တန်းလန်းနေတာက စိတ်နဲ့ခန္ဓာ ဖွံ့ဖြိုး တိုးတက်မှုမှာ အထောက်အကူ ဖြစ်စေတယ်တဲ့။ ပြီးတော့ အဲ့ဒါကို လွတ်လွတ်လပ်လပ် ထားထားလို့ အဲ့ကောင်က ရွှင်မြူးနေမယ်ဆို နှစ်ဆတောင် ကြီးထွားလာနိုင်သေးတယ်တဲ့။ အဲ့အချိန်ကျ မင်းထက်တောင်ပိုပြီး ယောက်ျားဆန်အောင် ဖွံ့ဖြိုးလာမယ်ဆို မင်းအဖေလို့ ခေါ်ဖို့သာ စောင့်နေတော့ မင်း"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now