162

6.8K 1.1K 75
                                    

{Unicode}

"လူလုပ်စုံတွဲ"

လီတာ့က လည်ပင်းမတ်သွားပြီး မျက်နှာအမူအရာမှာလည်း ကောင်းနေသည်တော့ မဟုတ်ပေ။

သူက လီအော့ကို မေးခွန်းထုတ်သည်။

"သူ ပြောင်းလဲသွားပြီ ဆိုတာကို မင်းကဘယ်လို အတည်ပြုလိုက်တာလဲ"

လီအော့က လက်ချောင်းများချိုးရင်း ကိစ္စတစ်ရပ်ချင်းစီကို လီတာ့ထံ ရေတွက် ရှင်းပြသည်။

"ကိုယ့်ဘာသာကိုယ် စိတ်ထဲမှာထားပြီး စဥ်းစားကြည့်။ ရန်ကော ပြန်ပေးဆွဲ ခံရတုန်းက ဝမ်ယန်သာ မရှိရင် သူလည်း မလွတ်လာနိုင်လောက်ဘူးမလား။ အခုဆိုလည်း ဝမ်ယန်က နေ့တိုင်း အချိန်မှန်မှန် အစမ်းလေ့ကျင့်တဲ့ထဲ ပါနေတာပဲ။ အပြုအမူဆိုလည်း တော်တော်လေး နိမ့်ချတတ်ပြီး ကောက ဘာလုပ်ခိုင်းခိုင်း သူက လိုက်လုပ်ပေးသလောက်ပဲလေ၊ အဲ့လို လုပ်ခိုင်းတဲ့ အတွက်လည်း စိတ်တောင် မဆိုးဖူးဘူးမလား"

လီတာ့က အေးစက်စက် လှောင်သံတစ်ချက် ပြုလိုက်ပြီး အထင်အမြင် သေးနေဆဲ ဖြစ်သည်။

လီအော့က သူ့လက်ထဲမှ ဖုတ်ပြီးသား ဘီစကစ် နှစ်ထုပ်ကို မြှောက်ပြကာ လီတာ့မျက်စိရှေ့ လှုပ်ယမ်းပြပြီး ပြောလာသည်။

"ပြီးတော့ ဒီဟာ၊ ကြည့်၊ သူ့ဘာသာ သူများကို နှောင့်နှေးအောင် လုပ်နေမိတယ်ထင်ပြီး အားနာတာနဲ့ နေ့တိုင်း ကိုယ့်ဘာသာ ဘီစကစ်တွေ ဖုတ်ပြီး ကိတ်မုန့်တွေ ပေးတယ်။ ဒီအထိတောင် နှိမ့်ချပေးနေပြီကို သူက နောင်တရပြီး ကိုယ့်ဘာသာ ပြန်ပြင်နေပြီလို့ သတ်မှတ်လို့ မရသေးဘူးလား"

လီတာ့က သေရင်တောင် လက်မခံနိုင်စမြဲ ဖြစ်နေပြီး

"ပျားသကာရည် လောင်းထားသလို ဟန်ဆောင်နေတာကို"

လီအော့က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လက်ပိုက်လိုက်ကာ ရုတ်ခြည်း လေးနက်စွာဖြင့် အခိုင်အမာ ပြောသည်။

"ကောက ဘာအကြောင်းကြောင့် သူဟန်ဆောင်နေတယ် ပြောရတာလဲ။ ကောက ဘာအကြောင်းကြောင့် သူ အစစ်အမှန် မဟုတ်ဘူးလို့ ပြောရတာလဲ။ လျှာရိုးမရှိတိုင်း လျှောက်ပြောနေတယ်။ လာလာလာ၊ ချက်ကျလက်ကျ ပြော၊ သက်သေပြ"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now