|| 1 ||

9.9K 364 16
                                    

Unicode
.
.
.
.
.
၀ုန်း!

ဒုန်း !

ခွမ်း !!

" ထွဋ်ထွဋ် !! ထွဋ်ထွဋ် !! ထွဋ်မဟာမင်း "

X-ray club အတွင်း ၀င်၀င်ချင်းပင် မြင်လိုက် ၊ ကြားလိုက်ရသည်မှာ မထိတ်သာ မလန့်သာ ရှိနေ၏ ။

အခု,ခေတ်က ခေတ်တို့ Group နှင့် Universe Company တို့ လက်တွဲကာ ဒီတစ်ခါထုတ်မယ့် perfume project အောင်မြင်သည့် အနေနှင့် Universe က ကိုယ်စားလှယ်တွေကို club မှာ လိုက်ဧည့်ခံရခြင်းပင် ။

Club က ထွဋ်ထွဋ်အပိုင်ဖြစ်တာကြောင့် သူ့ club မှာ ပွဲလာရှာသူတိုင်း လူဆိုးလေးနဲ့ ငြိသွားစမြဲ ။

ဒီနေ့လဲ ဘာဖြစ်ပြန်ပြီလဲ မသိဘူး ။

ခေတ်မှာ ၀င်၀င်ချင်းမြင်လိုက်ရတဲ့ပုံက လက်ထဲက ဘေ့စ်ဘော့တုတ်နဲ့ ခေါင်းကိုရိုက်ချလိုက်ပြီး စားပွဲတွေပါ တွန်းလှဲပြစ်လိုက်ခြင်း ။

ဒီလောက် ပြဿနာမရှာပါနဲ့ အတန်တန်ပြောတဲ့ကြားထဲက အဲ့လူဆိုးကောင်က ပါးပါးစကားကလွဲရင် ခေတ်စကားတွေဆို တစ်ဖက်၀င်တစ်ဖက်ထွက် ။ Daddy စကားတွေဆို ပိုဆိုးရော ။

ထွဋ်ထွဋ်က ဆံပင်တွေကို ငွေဖြူရောင်ဆေးဆိုးထားပြီး အသားအရည်က daddy နဲ့ တူတာကြောင့် အရမ်းမဖြူပေမယ့် ခပ်၀ါ၀ါအနေအထားနဲ့ ။
နားမှာက တစ်ခြားသူတွေလို အပေါက်များစွာ ရှိတာမဟုတ်ပေမယ့် စိန်နားပွင့်ကို တစ်ဖက်ထဲ တပ်ထားတဲ့ပုံစံက ပစ်ကြွေချင်စရာရုပ်ပင် ။

အခု၀တ်ထားတာက ဂျင်းအနက်ရောင်ကို အပြဲတွေပါတဲ့ ဒီဇိုင်းနဲ့ ရှပ်အစိမ်းရင့်ရောင်ကို လက်တံတောင်ဆစ်ထိခေါက်တင်ထားတာကြောင့် အကြောစိမ်းတွေက ထင်းလို့ ။

ခေတ်တို့နှစ်ဦးလုံးက daddy တို့ကို comeout လုပ်ထားပြီးသား ။
Daddy တို့ကလဲ ခေတ်တို့ ရွေးချယ်တဲ့လမ်းတွေဆို ဘာပဲဖြစ်ဖြစ် အမြဲလိုလို အားပေးထောက်ပံ့ခဲ့သူတွေသာ ။

အသက်က အခုမှ 21 ကျော် 22 ထဲ ၀င်ရုံရှိသေး အရပ်ကြီးက မိုးထိုးနေပြီ ။
သူနဲ့ ခေတ် ယှဥ်သွားရင်တောင် လူတိုင်းက ခေတ်ကို အငယ်လိုထင်ကြတာတွေကြည့်ပဲ ။

" ကိုကို ! "

" ပြီးရင် အိမ်မပြန်သေးပဲ ငါ့ condo လိုက်ခဲ့ ! "

မောင့်ရင်ခွင် {S 2} Where stories live. Discover now