|| 2 ||

5.8K 304 25
                                    

.
.
.
.
.

ကျွီ ဒုန်း !!

ယခင်က ထည်ထည်၀ါ၀ါ အသုံးပြုခဲ့ပုံရသော စက်ရုံကြီးမှာ ယခုတော့ ဂိုထောင်ဟောင်း တစ်ခု သာသာပင် ။
ကြမ်းတမ်းစွာမောင်း၀င်လာတဲ့ ကားသံနှင့် ဘရိတ်ဆွဲရပ်လိုက်ပုံက သာမန်လူတွေ လန့်ဖျပ်သွားစေရန် လုံလောက်သည် ။

သို့ပေမယ့် ဂိုထောင်ထဲက လူတွေကတော့မျက်တောင်ပင် တစ်ချက်မခတ် ။
ဒါ စေတန်ရဲ့ နောက်လိုက်တွေပင် ။

စေတန်မင်းဆက် ။
သွေးအေးတယ် ၊ ရက်စက်တယ် ၊ အကြင်နာတရားကင်းမဲ့တယ် ၊ နှလုံးသားမရှိဘူး ။
စေတန်တွေက သိပ်ကြောက်စရာကောင်းတယ် ။

ဒါပေမယ့် ဘယ်သူသိနိုင်မလဲ စေတန်မင်းဆက်ဆိုတဲ့ ကြောက်စရာနတ်ဆိုးတစ်ပါးက ၊ လိုချင်တာကို မရရအောင် ယူနိုင်တဲ့ နတ်ဘုရားလိုလူမျိုးက လွန်ခဲ့တဲ့ ဆယ်နှစ်နီးပါးက တွေ့ဆုံခဲ့တဲ့ လူကြီးပေါက်စလေးကိုတော့ ဘယ်သူမှအထိမခံနိုင်အောင် သိပ်ချစ်ပါသည်တဲ့လေ ။

ထိုနေ့က ဦးလေးဖြစ်သူရဲ့ စကားတစ်ခွန်းက သူ့အတွက် အလွန်ပင် အရေးပါခဲ့တော့သည် ။

" ကိုယ့်ထက် အင်အားကြီးတဲ့ လူကိုလိုချင်ရင် တစ်လောကလုံးက မင်းကို ပြန်မတွန်းလှန်ရဲအောင် ကြိုးစား " တဲ့။

သူကြိုးစားခဲ့တယ် ။ 15 နှစ်ဆိုတဲ့အရွယ်ထဲက သူ့ကိုဘယ်သူမှ ပြန်မလှန်ရဲအောင် သွေးအေးရက်စက်ခဲ့တဲ့ ကောင်ငယ်လေး ။

15 နှစ်ဆိုတဲ့အရွယ်က သာမန်လူတွေအတွက် လူငယ်ဘ၀ကို ပျော်ပျော်ဖြတ်သန်းနေရပေမယ့် သူ့ဘ၀အတွက်တော့ မိဘတွေလက်ထက်က ကုမ္ပဏီကို ယိုယွင်းမှုမရှိအောင် ပြုပြင်နေရပြီ ။

မိဘတွေ အသက်ရှိစဥ်က ကပ်ဖားယက်ဖားခဲ့တဲ့ ဆွေမျိုးဆိုတဲ့ဟာတွေက ယိုယွင်းလာတဲ့ စီးပွားရေးကြောင့် အမြှီးတောင် မမြင်ရတော့ ။

ထိုအချိန်တုန်းက သူ့အသက် 12 နှစ်သာ ရှိသေးသည် ။
မွေးစားဦးလေးဖြစ်သူ ဦးမြတ်မင်းခေါင်ရဲ့ ထိန်းကျောင်းမှုတွေနဲ့ နေထိုင်ခဲ့ရသည် ။

တစ်နေ့ ဦးလေးရဲ့ မွေးနေ့ပါတီတစ်ခုကို လိုက်ခဲ့ဖို့ခေါ်တာကြောင့် လိုက်သွားခဲ့တဲ့အချိန်မှာ suit အညိုရောင်လေးနဲ့ လူကြီးယောင်ဆောင်နေတဲ့ ကိုကို့ကို တွေ့ခဲ့တာ ။

မောင့်ရင်ခွင် {S 2} Where stories live. Discover now