|| 5 ||

3.2K 144 37
                                    

Unicode
.
.
.
.
.

မနက်ခင်းနေရောင်ခြည်ကြောင့် မျက်ခုံးအစုံကို တွန့်ချိုးလာသောအခါ ယောက်ျားဆန်ကာ ချောမောတဲ့ အစိတ်အပိုင်းတွေက တကယ်အကြည့်မလွဲရက်ချင်စရာ ။

ထွဋ် မူးနောက်နေတဲ့ ဦးခေါင်းကြောင့် ကျစ် ခနဲ စုတ်သပ်မိသည် ။

မနေ့ညက ဘယ်လောက်တောင် မူးသွားလဲ သူ့ကိုယ်သူသာသိသည် ။

ဒါနဲ့ ... ဒီနေရာက .

" နိုးပြီလား .. ဘာလို့ ဒီလောက်တောင်မူးရူးကွဲပြဲနေရတာလဲ ထွဋ်ထွဋ် .. "

" သြော် .. ကိုကို . Morning .. ! "

တံခါးဖွင့်လာရင်း ကိုကိုက ထွဋ်ထွဋ်အိပ်ရာဘေးမှာ ကပ်ထိုင်ကာ ပျားရည်ခွက်ကိုလှမ်း​ပေးရင်း မေးလာသည် ။

" Morning မနေနဲ့ ..ရော့ ပျားရည် ...  ကဲ​!​ ပြောစမ်းပါဦး ထွဋ်မဟာမင်း .. ဘာလဲ .ကိုခွန်းကြောင့်လား .. "

" ကျွန်တော်... ! "

" ထားပါ .. မပြောချင်ရင်လဲ .. ကိုကိုတစ်ခုအကြံပေးရမလား ထွဋ်ထွဋ် .. "

" ဟုတ်ကဲ့ ကိုကို .. "

" လူတစ်ချို့က သူတို့ပိုင်ဆိုင်နေရတဲ့ အရာတွေကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှ အဲ့ဒီအရာရဲ့ တန်ဖိုးကိုနားလည်တတ်ကြတာ ... ကိုကိုပြောချင်တာကို ထွဋ်ထွဋ်နားလည်ရဲ့လား ... ! "

" ဒါဆို ကိုကိုက ကျွန်တော့်ကို ဘယ်လိုလုပ်စေချင်လို့လဲ .. "

" အနာခံမှ အသာစံရလိမ့်မယ်.. "

" ကိုကိုပြောချင်တာက .. ? ! "

ထိုစကားကိုပြောရင်း ပြုံးလိုက်တဲ့ ကိုကို့ကြောင့် ကြက်သီးတွေပါထသွားသလိုပင် .. ။

" မင်း .. ! US က အန်ကယ်လ် Justin တို့နားမှာသွားနေ .. အများကြီးမဟုတ်ဘူး 3 လ မဟုတ်ရင် 6 လလောက်ပဲ .. ဒီကြားထဲ မြန်မာပြည်ကို ပြန်လာလို့ မရဘူး .. ကိုခွန်းကိုလဲ မဆက်သွယ်ရဘူး .. တကယ်လို့ ဒီအကြံတိုင်းမဖြစ်မြှောက်ခဲ့ရင် ကိုကို့ကို ကြိုက်သလိုအပြစ်ပေး ဘယ်လိုလဲ .. "

" ကျွန်တော် .. ကျွန်တော်လက်ခံတယ် ကိုကို .. မသေချာရင်တောင်မှ တစ်ခါလောက်တော့ ကံကိုယုံကြည့်ချင်တယ် .. "

You've reached the end of published parts.

⏰ Last updated: Apr 21 ⏰

Add this story to your Library to get notified about new parts!

မောင့်ရင်ခွင် {S 2} Where stories live. Discover now