163

6.8K 1K 84
                                    

{Unicode}

"ရွံ့စရာဝမ်ယန်"

ရန်ကျားလိတစ်ယောက် ထို Super Topic ကို အပေါ်အောက် လှန်လောပြီးမှသာ နားလည်လာတော့သည်။

ပရိသတ်များက Ship ပေးနေတာပင်။

စစချင်းတွင် မျက်လုံးအကြည့် စူးရှထက်မြက်သည့် ပရိသတ်တစ်ယောက်က အစီအစဥ် တင်ဆက်မှုကို ကြည့်နေတုန်း လီတာ့က လက်ဆန့်ပြီး ဝမ်ယန်အား ထောက်ပင့်ပေးထားသည့် သရုပ်ဖော်ပြကွက်ကို မြင်သွားပြီး ရုတ်တရက် ပေါ်ပေါက်လာသော စိတ်ကူး၏ စေ့ဆော်မှုအရ စခရင်ရှော့ကို weibo ပေါ် တင်ပစ်လိုက်သည်။

ရလဒ်ကတော့ ခွေးစာကြိုက်သည့် ပရိသတ်အချို့ မြင်သွားကြခြင်းပင်။

လီတာ့မှာ နဂိုကတည်းက ခန္ဓာကိုယ်က ကျစ်လျစ်သန်မာပြီး ဟောက်ျားဟော်မုန်းတို့ အဆမတန် လျှံပယ်နေကာ မျက်နှာကျမှာလည်း ရင့်ကျက် တည်ကြည်ပြီး ကြောက်ရွံ့ တုန်လှုပ်ခြင်းကင်းလေသော ယောက်ျားသားဖြစ်သည်။

ဝမ်ယန်က ယခုအချိန်မှာတော့ ပိန်ပိန်ပါးပါး ဖြူဖြူလွလွ၊ မျက်နှာကလည်း ခပ်သေးသေးနှင့် ခိုက်ခိုက်တုန်နေသော ကြွက်ကလေးအတိုင်း သနားစရာ ကောင်းနေလှသည်။

ထိုကဲ့သို့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေသော ဇာတ်ကောင်များသည် ရုတ်ခြည်းဆိုသလို တစ်နှစ်ပတ်လုံး Danmei လောကထဲ နစ်မြှုပ်နေသော ပရိသတ် မိန်းမပျိုလေးများ၏ အသည်းနှလုံးကို ပေါက်ကွဲထွက်သွားစေသည်။

ဝမ်ယန်နှင့် လီတာ့တို့ စခရင်ပေါ် အတူပေါ်လာသည့် ဇာတ်ကွက်မှာ နည်းပါးလွန်း၍ သူမတို့ဘာသာ ခွေးစာ ဖန်တီးကြသည်။ နည်းပညာ ကျွမ်းကျင်သူများက သူတို့နှစ်ယောက်၏ ဓာတ်ပုံကို စုဆောင်းကာ အတူတူ ပေါင်းကပ်လိုက်ကြပြီး စာပေ ဖန်တီးတတ်သူများမှာတော့ ရဲရင့်သန်မာသည့် ယောက်ျားသားက ချစ်စဖွယ် အမျိုးသားလေးကို စုံမက်မိသွားသည့် လိင်တူချစ်ဇာတ်လမ်းများကို ရှည်လျားထွေပြားစွာ ရေးဖွဲ့ သီကျူးကြသည်။ ထိုအထဲ အသားများပင် ပါလိုက်သေးသည်။

ရန်ကျားလိသည် ထို Super Topic ထဲမှ အကြောင်းအရာများကို ကြည့်ပြီးနောက် အတန်ကြာသည်အထိ ပါးစပ်ပြန်မပိတ်နိုင်တော့ပေ။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now