164

7K 1.1K 25
                                    

{Unicode}

"အံ့ဖွယ်အရူး"

ရန်ကျားလိနှင့် ယဲ့ထင်တို့ လက်ထပ်ကြတော့မည်။

မင်္ဂလာပွဲကို နောက်ဆုံးတွင်တော့ ဤလကုန်ထဲ ကျင်းပမည်ဟု သတ်မှတ်လိုက်ကြသည်။

ရန်ကျားလိသည် ခိုင်မာသော ရုပ်ဝါဒီသမားဖြစ်၍ အစွဲအလမ်း မရှိ၊ အယူသီးသူ မဟုတ်သော်လည်း မင်္ဂလာရက် သတ်မှတ်ရာတွင်တော့ ထုံးတမ်းစဥ်လာတို့ကို မရှောင်လွှဲနိုင်သေးပါ။ သူသည် သင့်တော်သော မင်္ဂလာ နေ့ကောင်းရက်မြတ်ကို သတ်မှတ်ဖို့ရန် ဆရာတစ်ဆူကို တိတ်တိတ်ကလေး ရှာခိုင်းလိုက်သည်။ ပြီးမှသာ မင်္ဂလာရက်မြတ်ကို အပြီးသတ် သတ်မှတ်သည်။

သို့သော်လည်း မင်္ဂလာပွဲ အစီအစဥ် အသေးစိတ် အချက်အလက်များနှင့် ပတ်သတ်၍ ရန်ကျားလိတစ်ယောက် ယဲ့ထင်နှင့် အဆုံးမရှိ အငြင်းပွားရပြန်ပါသည်။

ယဲ့ထင် လိုချင်သည့် မင်္ဂလာဆောင် အခမ်းအနား ပုံစံမှာ ခရစ်ယာန် ဘုရားကျောင်းထဲ ဘာသာရေး ဓမ္မသီချင်း ရွတ်ဆိုနေသကဲ့သို့ သန့်စင် မွန်မြတ်ကာ တည်ကြည် လေးနက်သည်။

ရန်ကျားလိ လိုချင်သည်မှာတော့ ယဲ့ထင်နှင့် လုံးဝကို တောင်နှင့်မြောက်ပင်။ သူသည် မိမိ၏ မင်္ဂလာပွဲနေ့တွင် လူတိုင်းလူတိုင်းမှာ ဘရိန်းချောင်နေသကဲ့သို့ ဘာကိုမှမစဥ်းစားဘဲ တဟီးဟီး တဟားဟားနှင့် ပါးစပ် နားရွက်တက်ချိတ်တော့မတတ် မျက်နှာများလည်း နီမြန်းကာ ရယ်နေနိုင်ကြမည့် ပုံစံမျိုးကို မျှော်လင့်တာဖြစ်သည်။

တစ်ယောက်မှာ ဣန္ဒြေသိက္ခာတို့ဖြင့် တည်ကြည်လေးနက်သည်ကို လိုချင်နေပြီး ကျန်တစ်ဦးက နိုက်ခ်ကလပ်မှာ ဒစ်စကို ကနေသည့် ပုံစံမျိုးကို လိုချင်နေတာဖြစ်သည်။ ယဲ့ထင်က ကြုံတောင့်ကြုံခဲ ရန်ကျားလိကို မလိုက်လျောပေး၍ နှစ်ယောက်သားက ကပြောင်းကဆန် ရန်ဖြစ်ကုန်ကြသည်။

ရန်ကျားလိက အံကြိတ်ပြီး

"ငါ ဂရုမစိုက်ဘူး၊ မင်းရဲ့ အဲ့လိုမင်္ဂလာပွဲကို ငါမလိုချင်ဘူး။ မင်း ကိုယ့်ဘာသာကိုယ် ကြည့်ကြည့်လေ၊ မင်းပြောတဲ့ ပုံစံက မင်္ဂလာပွဲလို့ ခေါ်နိုင်သေးရဲ့လား။ သူများတွေ အသုဘပွဲမှာတောင် Suona သံက နားထဲက ဖြတ်သွားသေးတယ်။ မင်း ဒီဇိုင်းဆွဲထားတဲ့ မင်္ဂလာပွဲကြီးက အသံတိတ်ပြဇာတ်လိုပဲ ပျင်းစရာကောင်းတယ်။ အသက် မပါဘူး"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now