31+32+33+34

3.3K 445 5
                                    

ဒါလေး paid gp ရပြီနော်❤

စာစဉ် - ၂ / အခန်း - ၃၁+၃၂

အခန်း - ၃၁

ဘာသာပြန်သူ - Emily (KKMJPKJL)

နောက်တစ်နေ့ ကျောင်းရောက်တော့ ထန်ဝမ်တစ်ယောက် လုရုန်ရုန်နဲ့ယွင်နွမ်ရဲ့ လုယိအကြောင်းပြောတဲ့ စကားဝိုင်းကြားထဲရောက်သွားသည်။

ယွင်နွမ်က လုယိကို စိတ်ဝင်စားနေတဲ့ပုံကိုတွေ့တော့ လုရုန်ရုန်က ပြုံးလိုက်ကာ
"ယွင်နွမ် နင်သာ ငါ့ယောင်းမဖြစ်လာရင် ငါ အရမ်းပျော်မှာပဲ။ မစိုးရိမ်နဲ့။ ငါ နင့်ကို ကူညီမယ်!"

ထိုစကားကိုကြားတော့ ယွင်နွမ် ချက်ချင်းကို ရှက်သွေးဖြာသွားကာ ပါးတွေနီသွားသည်။ ဒါပေမဲ့ သူမ လေသံပျော့ပျော့နဲ့ လုရုန်ရုန်ကို ဆူလိုက်သေးသည်။
"ရုန်ရုန်!"

"ဟားဟားဟားဟားဟား ဘာလို့ အရမ်းရှက်နေရတာလဲ? ငါတို့အိမ်က လက်ထပ်ဖို့ လမ်းစမမြင်တဲ့လူနဲ့ နင်နဲ့ညားပြီး နင် ငါ့ယောင်းမဖြစ်လာရင် ကောင်းမယ်!"

သူတို့ စကားဝိုင်းကိုကြားတော့ ထန်ဝမ် သက်ပြင်းမချပဲမနေနိုင်။ အဓိကမင်းသားနဲ့မင်းသမီးကြားက ဇာတ်လမ်းကတော့ အရမ်းကို အဆင်ချောမွေ့တာပဲ။ ဒါပေမဲ့ ဒါက ငါ့အလုပ်မဟုတ်ဘူး။

မျက်စိတစ်မှိတ်အတွင်းမှာ အချိန်တစ်ပတ်က ကုန်လွန်သွားခဲ့သည်။ စနေနေ့မနက်ရောက်တော့ ထန်ဝမ်က ထန်ယိထုံကို
"ထုံထုံ ငါတို့ ဈေးဝယ်ထွက်ကြရအောင်"

"ကောင်းသားပဲ"
ထန်ယိထုံကလည်း ခေါင်းညိမ့်ကာပြောသည်။

လောင်လီက ထန်အိမ်တော်မှာကျန်ခဲ့တာကြောင့် သူတို့နှစ်ယောက် စင်တာကို တက္ကစီငှါးကာသွားကြသည်။ ရောက်တာနဲ့ ထန်ဝမ်က ထန်ယိထုံကို အမျိုးသားအဝတ်အရောင်းဆိုင်ကိ ဆွဲသွားကာ ပုံစံမျိုးစုံရွေးပေးတော့သည်။

ထန်ယိထုံက ထန်ဝမ်လုပ်နေတာတွေကိုမြင်တော့
"ငါ့အတွက် အဝတ်တွေဝယ်ပေးစရာမလို…"

"ဘာလို့ မဝယ်ရမှာလဲ? လူမှာအဝတ် မြင်းမှာ ကုန်းနှီးတဲ့။ ထန်ဝမ်ရဲ့မောင်လေးက ကောင်းကောင်းဝတ်စားရမှာပေါ့။ စိတ်မပူနဲ့ မင်းရဲ့မမမှာ ပိုက်ဆံရှိပါတယ်ကွာ…ဟဲဟဲ"

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now