153+154

224 29 1
                                    

စာစဉ် - ၇

အခန်း - ၁၅၃+၁၅၄
အခန်း - ၁၅၃

ဗီလိန်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းကိုဖတ်ကာ ထန်ဝမ် စိုးရိမ်စိတ်တို့ဝင်လာသည်။

/ချစ်စရာလေး သူက လမ်းလွဲနေသူလား/
ထန်ဝမ် စိုးရိမ်တကြီးမေးလိုက်သည်။

သရဲတွေ သားရဲတွေနဲ့အတူနေတဲ့လူတွေက ဝမ်းနည်းစရာစိတ်ရောဂါဖောက်သွားတတ်ကြတာကို သူမ မှတ်မိပါသေးသည်။ ဒါက သူမအပေါ်ကျရောက်လာမှာလား?

သူမက လေ့ကျင့်တာတွေဘာတွေကို စိတ်မဝင်စားပါ။

ချစ်စရာလေးက သူမကိုကြည့်ကာ
/host မဖြစ်သင့်ဘူးလား/

/မဖြစ်သင့်ဘူးမလား/
ထန်ဝမ် သူ့ကိုပြန်ကြည့်လိုက်သည်။

/ဒါကိုကျုပ်မသိဘူး။ ဘာပဲဖြစ်ဖြစ် အချိန်ယူပြီးတစ်လှမ်းချင်းသွားပေါ့။ စစ်ဆေးပွဲက ဒီမှာ/
ချစ်စရာလေးက ချက်ချင်းအကြောင်းအရာကို စကားလမ်းလွဲလိုက်သည်။

မစ်ရှင်ကမ္ဘာတွေကို ကြုံရာကျပန်းရွေးထားတာဖြစ်သည်။ ဒီလိုကမ္ဘာမျိုးရတာကို သူ မကူညီနိုင်ပေ။

ထန်ဝမ်က
/ဒီမစ်ရှင်က...ငါတို့က ဗီလိန်ယန်ထုံနဲ့တိုက်ခိုက်ပြီးတော့ သူ့မိထွေးကို သူကိုယ်တိုင်မသတ်အောင် ကူညီမှုအောင်မြင်ရမယ်...တဲ့/

ထန်ဝမ် သက်ပြင်းချလိုက်သည်။

ခက်ခဲတယ်။

ခက်ခဲတယ်လို့!

ဖုန်းချီထုံကို ကျောက်ကောရဲ့စစ်သား ၂၀၀၀၀၀ကိုမသတ်ဖို့ဖျောင်းဖျရတာထက်ကို ပိုခက်ခဲသေးတာပဲ။

မူရင်းဇာတ်လမ်းမှာ ဗီလိန်ယန်ထုံ မျက်နှာနှစ်ဖက်နဲ့လူဖြစ်သွားရတာက ငယ်ငယ်ကတည်းက သူ့မိထွေးရဲ့နှိပ်စက်မှုများကြောင့်ဖြစ်သည်။ သူ့အဖေရှိတဲ့အခါကျရင် သူ့မိထွေးက သူ့အပေါ်ကြင်နာပြီး နွေးထွေးစွာဆက်ဆံပြပေမယ့် သူ့အဖေနောက်ကွယ်ကျရင် ဆူဆဲကာ သူမရဲ့တိတ်တိတ်ပုန်းရည်းစားနဲ့ ဖြစ်ပြသည်။ သူ့အဖေသေသွားပြီးတဲ့အချိန်မှာ သူ့အဖေက သူ့ကိုယန်မိသားစုကို ဆက်ဆံစေခဲ့တယ်ဆိုတာကို သိပြီး ညသန်းခေါင်အချိန် သူ့အခန်းထဲတံခါးဖျက်ဝင်ကာ သတ်ဖို့ကြံတော့သည်။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now