151+152

372 34 1
                                    

စာစဉ် - ၇

အခန်း - ၁၅၁+၁၅၂
အခန်း - ၁၅၁

ဒီတော့ ပွဲစားကုမ္ပဏီတွေက လျှိုရှုထုံက ထန်ဝမ်ကိုရဖို့အတွက် အောက်ခြေကနေ နံပါတ်၁ဖြစ်အောင် ကြိုးစားခဲ့ပုံတွေကို မူကြမ်းရေးတော့သည်။

အချိန်တိုအတွင်းမျာ killing Mattတွေကလည်း လျှိုရှုထုံထက်တောင် ပိုပြီးကြွားလုံးထုတ်ဝန်ခံကြသေးသည်။ killing mattမဟုတ်ပဲ သူတို့ကြိုက်တဲ့သူအတွက် ကြိုးစားနေကြတဲ့လူတွေကလည်း ထန်ဝမ်နဲ့လျှိုရှုထုံကို ကောင်းချီးပေးကာ ဆုတောင်းပေးကြသေးသည်။

နှစ်ယောက်စလုံးက အထက်တန်းကျောင်းကတည်းက တွဲနေတာကြောင့် အင်တာနက်ပေါ်မှာ ရေပန်းစားနေတဲ့သတင်းခေါင်းစဉ်က //အထက်တန်းကျောင်းသားအချစ်ကို ရပ်တန့်သင့်လား// ဆိုတာဖြစ်သည်။

လင်းဝမ်ရဲ့အစီစဉ်က လုံးဝကိုပျက်စီးသွားယုံမက သူ့ကိုပိုပြီးတော့ကို နာမည်ကြီးအောင် လုပ်ပေးလိုက်သလိုပင်။

ကောလိပ်ကနေဘွဲ့ရတာနဲ့ လျှိုရှုထုံ ထန်ဝမ်ကို proposeလုပ်ကာ လက်ထပ်မှတ်ပုံတင်ဖို့ခေါ်သွားသည်။ ဒါကိုသိသွားတော့ ပရိသတ်တွေက သူတို့ရဲ့ဆုတောင်းစာကိုပေးပို့ကြသည်။

//သူတို့နှစ်ယောက် တကယ်ညားမယ်ဆိုတာ သိသားပဲ//

လင်းယွီကတော့ စီနီယာနှစ်ဘွဲ့ရပြီးတာနဲ့ ကျန်းဟွမ်ဆီကနေ အပစ်ခံလိုက်ရသည်။ ဘာလို့ဆို ကျန်းဟွမ်က အနုပညာအသိုင်းဝိုင်းထဲက အခြားမင်းသမီးတစ်ယောက်နဲ့ ချိတ်သွားတယ်လေ။

အင်တာနက်ပေါ်က သတင်းကိုတွေ့တော့ လင်းဝမ်ဒေါသထွက်သွားကာ သူမက ကျန်းဟွမ်ရဲ့ရည်းစားဟောင်းဖြစ်ကြောင်း သတင်းတင်ဖို့ ယွီကျီကိုရှာတော့သည်။

နောက်ဆုံးတော့ ထိုသတင်းကိုကျန်းဟွမ်ရဲ့မိသားစုက ဖိနှိပ်လိုက်ပေမယ့် ကျန်းဟွမ်ရဲ့အပြစ်ကင်းတဲ့မင်းသားလေး ပုံရိပ်ကတော့ ပျောက်ကွယ်သွားတော့သည်။ သူ့ရဲ့အလုပ်ကလည်း ခဏတာမျှတာရှိခဲ့ပြီးတော့ အသက်သုံးဆယ်အရွယ်မှာ သူ့အောင်မြင်မှုက ပျောက်ကွယ်သွားတော့သည်။

ဒါပေမဲ့ ထန်ဝမ်နဲ့လျှိုရှုထုံကတော့ လက်ထပ်ပြီး သားတစ်ယောက်သမီးတစ်ယောက်နဲ့အတူ ပျော်ရွှင်စွာနေထိုင်သွားကြတော့သည်။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now