167

6.7K 1K 49
                                    

{Unicode}

"သိုးသားစားပြီ"

ရှောက်ယယ်တစ်ယောက် မလှမ်းမကမ်းမှ ယဲ့ထင်နှင့် ရန်ကျားလိကို လှမ်းကြည့်ရင်း မျက်ခမ်းစပ်က နီရဲလာတော့သည်။

သူ့နှလုံးသားထဲ တစ်စုံတစ်ခုဖြင့် ပြည့်နှက်နေသည်ဟု ခံစားနေရပြီး ဖောင်းပွလာသည်ရှိသော် အသည်းခိုက်အောင် နာကျင်စူးရှလှသည်။

အရှေ့ဘက်တွင် ထိုင်နေသည့် ကျောက်ရှန့်ဟိုင်နှင့် ဖုန်ထောင်းကတော့ ရံဖန်ရံခါ နားနားကပ်လျက် တီးတိုးစကားများ ပြောနေကြဆဲဖြစ်ပြီး တစ်ဦးကိုတစ်ဦး နားလည်စွာနှင့် ရယ်လိုက်မောလိုက်ပါပင်။ မသိသူ၏ မျက်လုံးထဲတွင်တော့ သူတို့ဟာ လိုက်ဖက်ညီလှသော စုံတွဲအလား။

ရှောက်ယယ် ခံရခက်သည်။

သူ လက်ဆန့်ကာ ကျောက်ရှန့်ဟိုင်ကို တစ်ဖန်ပြန်လည် ဆွဲလိုက်ချင်သော်ငြား လမ်းတစ်ဝက်မှာတင် ကျောက်ရှန့်ဟိုင်၏ မယိုင်နဲ့သော အေးစက်စက် မျက်ဝန်းများကို တွေးမိလေပြန်တော့ လက်က ရေခဲရိုက်ထားသလိုမျိုး ရပ်တန့်သွားပြီး အတော်ကြာမှပဲ တိတ်တိတ်ကလေး ပြန်ရုတ်သွားတော့သည်။

မင်္ဂလာပွဲ၏ တည်ငြိမ်လေးဆေးသည့် ပထမပိုင်း ခရီးစဥ်က ပြီးဆုံးသွားပြီ ဖြစ်သည်။

ရှောက်ယယ်က နောက်တစ်ပိုင်း အစီအစဥ်ကို မစောင့်တော့ဘဲ မတ်တတ်ထကာ ခပ်သုတ်သုတ်နှင့် ခန်းမထဲမှ ထွက်လာသည်။

သူသည် အပြင်ဘက် ကားပါကင်ရှိ လှေကားထစ်တွင် ဖုန်မှုန့်များကို ဖယ်ခါပြီးနောက် ထိုင်ချလိုက်ကာ အိတ်ကပ်ထဲမှ မီးခြစ်နှင့် စီးကရက်ဘူး ထုတ်လာသည်။ ဆေးလိပ်မီးညှိနေသည့် လက်ချောင်းက မဆိုစလောက် တုန်ယင်နေပြီး မွန်းကြပ်စေသည့် ဆေးလိပ်ငွေ့များက အဆုတ်ထိတိုင် တည့်တည့်မတ်မတ် ဝင်ရောက် ကိန်းအောင်းကုန်ကြသည်။

မင်္ဂလာပွဲ အထမြောက်ကာ ပြီးဆုံးသွားချိန်တွင်တော့ ညကိုးနာရီပင် ခွဲနေပြီဖြစ်သည်။

ကျောက်ရှန့်ဟိုင်နှင့် ဖုန်ထောင်းက ပခုံးချင်းယှဥ်လျက် ခန်းမထဲမှ ထွက်လာပြီး ကားပါကင်တွင် ပြုံးကာရယ်ကာနှင့် နှုတ်ဆက်စကား ပြောဆိုကြသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now