[ ၈ ] ဒါရိုက်တာကြီးရဲ့ဇနီးမယားပမာ ဆက်ဆံ

1K 92 2
                                    

[ ၈ ] ဒါရိုက်တာကြီးရဲ့ဇနီးမယားပမာ ဆက်ဆံ

" လူချင်း... "
စုန့်ယွီ သံယောင်လိုက်ရွတ်မိ၏။

" ဟုတ်တယ် ခု အပန်းဖြေဟိုတယ်တိုးချဲ့စီမံကိန်းက အရေးကြီးတော့ ကျုပ်တို့ဒါရိုက်တာက လိုတာတွေကို ကိုယ်တိုင်တာဝန်ယူဆောင်ရွက်နေတာပါ "
လော့ယွီရှု ပြောသည့် လေသံကလည်း ပိုပြီးတော့ ယဥ်ကျေးလာပါ၏။

ဒီမနက် ဒီဇိုင်းတွေ မပေးခင်မှာ ဒါရိုက်တာရဲ့အထူးလက်ထောက် ချန်တုံးကယ်က သူ့ကို လာရှာပြီး ပြောသွားသည်။ အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ ဒါရိုက်တာ ကိုယ်တိုင် တာဝန်ယူမှာဖြစ်လို့ စုန့်ယွီနဲ့ ဆက်သွယ်ပေးပါတဲ့။

ထို့ကြောင့် တစ်နေ့ညက အခြေအနေကို တွေးမိပြီး လော့ယွီရှု သူ့ဟာသူ သဘောပေါက်သွားခဲ့လေ၏။ သေလောက်အောင် အရိုက်ခံရမည်ဆိုလျှင်တောင် ဒါရိုက်တာနဲ့ ဘာမှမပတ်သက်ပါဘူးလို့ စုန့်ယွီ ငြင်းခဲ့တာကို သူ မယုံ။

" သခင်လေးချန်က ဘယ်တော့အားမှာလဲဟင် "
ဘယ်လောက်ပဲ သမာသမတ် မကျစေဦးတော့..
ဒီလိုအရေးကြီးတဲ့အလုပ်ကိစ္စကိုတော့ ဖြစ်သလို ထားလိုက်လို့ မဖြစ်။

" မနက်ဖြန်မနက် ၁၁ နာရီမှာပါ။ အဲ့အချိန်လောက် အားလား စုန့်မိန်းကလေး။ ဒါရိုက်တာကြီးမှာက မနက်ဖြန်ကို နေ့လယ်စာစားချိန်မတိုင်ခင် တစ်နာရီလေးပဲ အားပါတယ် "

" ကောင်းပါပြီ ကျွန်မ အချိန်မီလာခဲ့ပါမယ်နော် ကျေးဇူးတင်ပါတယ် မန်နေဂျာလော့ "

" ရပါတယ် ကျုပ်လည်း ဘာမှမလုပ်ပေးရပါဘူး စုန့်မိန်းကလေးရဲ့ပြောင်မြောက်တဲ့ ဒီဇိုင်းတွေကြောင့်ပါ နောက် အလုပ်အတူတူလုပ်တဲ့အခါ ကပ်ပေါင်းမှနဲ့ တူတယ် "

ဖုန်းချရင်း ခေါင်းခါလိုက်မိသည်။ ဒီကသာ သူ့ကို ကပ်ပေါင်းလို့ မရမှာကို စိုးရိမ်ရမှာ

" ဘာတဲ့လဲ .. ရတယ်တဲ့လား"
ရွမ်တန်းချန်က စိတ်လှုပ်ရှားစွာနဲ့ မေးသည်။

" မသိဘူး။ ရှေ့ဆက်ဆွေးနွေးဖို့အတွက် မနက်ဖြန် သူ့ဆီကို ဒီဇိုင်းတွေ ယူလာပေးဖို့ ပြောသွားတာ။ သေတော့ မသေချာသေးပါဘူး "
စာချုပ်ချုပ်လို့ရပါ့မလား သူမလည်း ယုံကြည်ချက် မရှိပါ။

Two-faced Husband, Have Some Decency! ( Myanmar Translation )Where stories live. Discover now