၁၉ + ၂၀

839 68 5
                                    

(Unicode)

အခန်း ( ၁၉ ) မင်းတောင် ပြောနေမှပဲ ကိုယ် ည,နေလိုက်ပါမယ်

သူက စုန့်ယွီကိုင်ထားသည့်ခွက်ကို လက်ထိုးပြပြီး “ အဲ့ဒါ ကိုယ့်ခွက် ” ဟု ရွံ့တွံ့တွံ့ ​ဆိုသည်။

‘ ဒေါက်! ’

ခွက်သည် စားပွဲပေါ်သို့ ဆောင့်ချခံလိုက်ရသောအခါ ရေအချို့ လွင့်စင်ထွက်ကုန်၏။

“ ကျွန်မ နောက်တစ်ခွက် သွားယူလိုက်ဦးမယ် ”
ထရပ်ပြီး ကိုယ်ခန္ဓာတောင့်တင်းစွာဖြင့် အခန်းအပြင်သို့ စုန့်ယွီ ထွက်သွားသည်။

ချီချန်ကျီး၏ မျက်ဝန်းအကြည့်တို့သည်လည်း သူမနောက်သို့ လိုက်ပါသွားခဲ့လျက် သူမကုပ်ပိုးလေး ရဲနေတာကို သတိပြုမိသည်။

သွားတွေပေါ်အောင် ပြုံးလိုက်ပြီးမှ ခွက်ကို ပြန်ယူလိုက်ကာ သူမနှုတ်ခမ်းရာတို့ စွန်းထင်းသွားခဲ့သော နေရာတွင်ပဲ ရေတစ်ငုံသောက်လေ၏။

စုန့်ယွီ ပြန်ရောက်လာသည့်အခါ နှစ်ဦးသား ဆွေးနွေးမှုကို ဆက်ခဲ့ကြသည်။ ချီချန်ကျီး သူ့လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ကာ
“ ၁၂ခွဲတောင်ရှိနေပြီပဲ .. ဆောရီး.. ကိုယ် အချိန်ကို သတိမထားမိလိုက်ဘူး .. ပြောရင်း ပြောရင်းနဲ့ ဆွေးနွေးတာတော်တော်တောင်ကြာသွားတယ် ”

“ ရပါတယ်..အရေးကြီးတာက ဒါပဲလေ..သခင်လေးချန် စိတ်တိုင်းကျဖို့သာ အရေးကြီးတာပါ.. ဒါက ပုံကြမ်းပဲရှိသေးတာနော်။ နောက်ဆို ပြန်လည်ပြင်ဆင်တာတွေ လုပ်ရဦးမှာပါ။ သခင်လေးချန် ဒီဇိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ မသိဘူးနော် ”
သူမမှာ အခွင့်အရေးရှိမရှိ စုန့်ယွီ သိချင်သည်။

“ မဆိုးပါဘူး ”
သွယ်ခြင်းဝိုက်ခြင်းမရှိ ခေါင်းညိတ်ပြီး ပြတင်းပေါက်အပြင်ကို ကြည့်ဖို့ ချီချန်ကျီး တစ်ဖက်လှည့်သွားသည်။ 

“ ဟမ် ဘယ်ချိန်ကတည်းက နှင်းတွေကျနေတာလဲ၊ ဒီလောက်ကြီးတောင်... ” ချီချန်ကျီးဟာ ပြောရင်း ပြတင်းပေါက်ဆီ လျှောက်ခဲ့၏။

စုန့်ယွီက သူ့နောက်ကနေ လိုက်ကြည့်သည်။ မမျှော်လင့်စွာဖြင့် နှင်းတို့သည် တစ်ပြိုက်နှစ်ပြိုက်ကျနေရာမှ နှင်းမုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။ ဆောင်းညလေသည် ပြင်းထန်ပြီး ဆိုးလို့သာလာသည်။

Two-faced Husband, Have Some Decency! ( Myanmar Translation )Where stories live. Discover now