169

6.9K 1K 50
                                    

{Unicode}

"ဒဏ်ရာများဖော်ပြ"

ဝမ်ယန်က သုတ်သုတ် သုတ်သုတ်နှင့် လီတာ့ရှေ့ ရပ်လာသည်။

လီတာ့၏ ကြွက်သားများ လေ့ကျင့်ထားသည်မှာ သန်မာကာ ဆွဲဆောင်မှုရှိနေပြီး အရပ်ကလည်း ထောင်ထောင်မောင်းမောင်း။

ဝမ်ယန်က သူ့အရှေ့ ရပ်လိုက်တော့ နှစ်ယောက်သားကို နှိုင်းယှဥ်ကြည့်လျှင် ကျားနှင့်ယုန်အလား ခန္ဓာကိုယ် ကွာခြားချက်က မသေးလှ။ ဝမ်ယန်၏ ပိန်သေးသော ပုံစံကို ကြည့်ရုံနှင့် လီတာ့က သူ့ကို သတ်ချင်လျှင်ပင် မိနစ်ပိုင်း ကျော်လောက်မည့် ကိစ္စမဟုတ်။

ဝမ်ယန်က ဝိုင်းစက်စက် မျက်လုံးနှင့် လီတာ့ကိုကြည့်ကာ တိုးတိုးလေးပြောသည်။

"တောင်းပန်ပါတယ်၊ ခင်ဗျားရဲ့ အလုပ်တွေကို နှောင့်နှေးစေမိတဲ့အတွက်"

လီတာ့သည် ဝမ်ယန်က ကလေးတစ်ယောက်က ဆရာကို ကြောက်နေသလိုမျိုး ဖြစ်နေသည့် အကြည့်များနှင့် သူ့ကို ကြည့်နေသောကြောင့် ပိုမို စိတ်အနှောင့်အယှက် ဖြစ်လာကာ လေသံက ပိုမာလာပြီး

"အထဲမှာ ကတည်းက အီးရောအီးရောနဲ့ ဘာလုပ်နေမှန်းကို မသိဘူး။ မင်းက နောက်ပြန်ဆွဲနေတယ်ဆိုတာ ကိုယ့်ဘာသာကိုယ်တော့ သိတယ်ပေါ့....တော်ပြီ၊ ပါးစပ်ပိတ်။ ငါ့ကို အရေးမပါတာတွေ မပြောနဲ့တော့"

ဝမ်ယန်က ကသိကအောက်နှင့် ပါးစပ်ပိတ်လိုက်ရသည်။

လီတာ့က သူတို့ကို ဦးဆောင်ကာ HIIT သက်လုံ လေ့ကျင့်ရန်အတွက် အရင်ဦးဆုံး အမြန်ပြေးခိုင်းသည်။

(TN/ HIIT = High-intensity interval training)

လီတာ့တစ်ယောက် ယခင်က ကာယဗလ ကြံ့ခိုင်ရေး နည်းပြလုပ်ခဲ့ချိန်တွင် ပုဂ္ဂလိက သင်တန်း၌ သံမျက်နှာနှင့် နည်းပြဟု ပြောစမှတ် တွင်ခဲ့ပြီး သူ၏ တောင်းဆိုချက်များက လွန်စွာ တင်းကျပ်နေခဲ့သည်။

လီအော့ကတော့ အစ်ကိုဖြစ်သူက နှစ်ပေါင်းအတော်ကြာ လေ့ကျင့်သင်ကြားပေးခဲ့မှုကြောင့် သူ၏ စည်းချက်နှင့် လိုက်လျောညီထွေ ရှိနေပြီ ဖြစ်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now