171

6.2K 1K 48
                                    

{Unicode}

"ဒိုင်ယာရီ"

ဝမ်ယန်တစ်ယောက် အဖျားတက်နေသည်။

ချွေးအေးများက အနွေးအင်္ကျီထဲမှ စိမ့်ထွက်လာပြီး မျက်နှာကလည်း ပုံမှန်မဟုတ်စွာ နီရဲနေသည်။

လီတာ့က သူ့ကို ခပ်ဖွဖွလေး လှုပ်ယမ်းလိုက်တော့ ဝမ်ယန်က ဝေဝေဝါးဝါးနှင့် မျက်လုံးစင်းကြောင်း ပွင့်လာပြီး နောက်တော့လည်း ပြန်ပိတ်သွားပြန်သည်။ ကြည့်ရသည်မှာ နိုးနိုးကြားကြား မရှိသေးပုံပင်။

လီတာ့က ထပ်မံပြီး သူ့နဖူးကို စမ်းကြည့်လိုက်သောအခါ ခြစ်ခြစ်တောက် ပူကျစ်နေလေ၏။

အီလက်ထရွန် သာမိုမီတာရှာပြီး အပူတိုင်းကြည့်လိုက်ရာ ထင်သည့်အတိုင်းပါပဲ၊ ၃၈.၆ ဒီဂရီတောင်ပင်။

သူ ဝမ်ယန်ကို လှုပ်ယမ်းလိုက်ရာ ဝမ်ယန်က ရဲရဲနီနေသည့် မျက်လုံးများကို ခက်ခက်ခဲခဲ ဖွင့်လာတော့မှ သူပြောသည်။

"မင်း ဖျားနေပြီ၊ မင်းအိမ်မှာ အဖျားကျဆေး မရှိဘူးလား၊ ငါ သွားယူလိုက်မယ်"

ဝမ်ယန်၏ မျက်လုံးများက လီတာ့၏ စကားကို နားမလည်သည့် ကလေးတစ်ယောက်လိုမျိုး ကြောင်တောင်တောင် ဖြစ်နေသည်။

လီတာ့က ကျစ်စုတ်သပ်ကာ သူ့ကို အားနှင့် လှုပ်ယမ်းပစ်လိုက်သည်။

ဝမ်ယန်က မျက်မှောင်ကြုတ်သွားပြီး တိရိစ္ဆာန်ပေါက်အလား ခပ်တိုးတိုး ကျစ်စုတ်သပ်သည်။ နေမကောင်းလို့ထင်၊ လေသံက ကြမ်းရှကာ တုန်ရီနေ၍ စိတ်မကောင်း ဖြစ်စရာ ပိုကောင်းနေသည်။ နေရခက်၍ ညည်းညူလိုက်သော အသံဖြစ်သော်ငြား နားထောင်လိုက်လျှင် ချွဲနေပုံနှင့် ပိုတူနေသည်။

လီတာ့မှာ သူ့အသံကြောင့် ဖော်ပြခြင်းဌာ မစွမ်းသာနိုင်လောက်အောင် နှလုံးသားထဲ တုန်လှုပ်သွားရသည်။

လီတာ့တစ်ယောက် သူ့ခေါင်းက စောင်ပုံထဲ ပြန်တိုးဝင်သွားသည်ကို တွေ့သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး ကူကယ်ရာမဲ့သလို ဖြစ်သွားတော့သည်။

ရွေးချယ်စရာ မရှိသည့်နောက် သူ ဝမ်ယန်၏ ဧည့်ခန်းထဲ တစ်အောင့်လောက် လှန်လှောရှာဖွေနေသော်လည်း ဆေးသေတ္တာကို ရှာမတွေ့၍ တိုက်အောက်မှ ၂၄နာရီ ဖွင့်ထားသော ဆေးဆိုင်တွင် အသုံးများသော အဖျားကျဆေး နှစ်ဘူးဝယ်လိုက်ပြီး ဆေးလုံးစိမ်ကာ ဝမ်ယန်နှုတ်ခမ်းနား ရွေ့ပေးပြီး လေးလေးပင်ပင် ပြောလာသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now