Mafia Queen ( Lady ) parts 2 -Z/U

3.5K 108 0
                                    

Zawgi ( Unicode ) 👇👇👇👇

ခမ်းနားလှသော အဆောက်အဦးကြီး၏ အတွင်း၌ သန့်ရှင်းတောက်ပြောင်နေသော လူအများအပြားက စားပွဲဝိုင်းများတွင် ကိုယ့်ခင်မင်ရင်းနှီးရတယ့် မိတ်ဆွေတွေနှင့် အသီးသီးစကားပြောဆိုကာ
လက်ထဲမှ ဝိုင်များကို အေးဆေးစွာသောက်သုံးနေကြသည်။
ထိုအချိန် ခန်းမ၏ တံခါပွင့်လာ ပြီးဝင်လာသူကို အားလုံးက
မျက်စိမလွှဲနိုင်စွာ ကြည့်နေမိကြသည်။

ကြိုးတစ်လုံးရင်ပြတ်အနက်ရောင်အကွဲလေးနှင့် ရွှေအိုရောင်ဆံပင်များအပြောင်သိမ်း၍ ခပ်မြင့်မြင့်စည်းထားသောကြောင့်
သူမရဲ့လည်တိုင်တစ်ဝိုက်နှင့် မျက်နှာဖြူဖြူလေးက ပုရိသအပေါင်းတို့်၏ မျက်လုံးများကို သံလိုက်နှင့်ဆွဲငင်ထားသလို။
ရင်ပြတ်လေးဖြစ်တဲ့အတွက် သူမ၏မို့မောက်သောအလှအပများပေါ် tattoo ကလေးများကလည်းအစီအရီ။

သူမကတော့ ဘယ်သူ့ကိုမှဂရုမထားဘဲ ပွဲထဲသို့သာဝင်လာသည်။ သူမနောက်မှာ သက်တော်စောင့်များကထပ်ပြပ်မကွာလိုက်ပါလာသည်။ လမ်းလျှောက်တိုင်းလှစ်ဟာသွားသည့် သူမရဲ့
ပေါင်လှလှလေးပေါ်တွင်နှင်းဆီပွင့်ဖတ်ပုံကနုတ်ကလေး
သူမအလှကိုပို၍ တင့်တယ်သွားစေသည်။

"Ohh Miss Ava မင်းလာတဲ့အတွက် ကိုယ်တကယ်
ဝမ်းသာတယ်ကွာ"

ပွဲရှင်ဖြစ်တဲ့ Jack သူမကို မြင်တာနဲ့ ဝိုင်းမှထလာကာ
လာ၍နှုတ်ဆက်လာသည်။

"အဟင်း..လာရမှာပေါ့ Jack တို့ကသေချာဖိတ်ထားတာပဲ"

"အလှလေး Ava ကို ကိုယ့်ကုပ္မဏီပွဲကိုတက်ပေးလို့ အရမ်း
ကျေးဇူးတင်တယ်  ဒါနဲ့ Mr.Justin ကော သူကောမလာဘူးလား"

သူမကဘေးမှဖြတ်လျှောက်လာသောစားပွဲထိုးလေးဆီမှ ဝိုင်
တစ်ခွက်ကိုယူရင်း

"အင်း..Justin က အလုပ်ရှိလို့နေခဲ့တာပါ"

"Ohh ကောင်းပါပြီ လွတ်လပ်စွာနေပါ Miss Ava
ကိုယ်တစ်ခြားသူတွေ နှုတ်ဆက်ရဦးမှာမို့ ခနနေ ကိုယ်ပြန်လာပြီး အလုပ်ကိစ္စဆက်တာပေါ့ အချိန်နည်းနည်းရမလား
Ava"

"Ok ရပါတယ် အရင်ဆုံးပြီးအောင်လုပ်ပါ"

"နားလည်ပေးလို့် ကျေးဇူးပါ Ava "

Mafia Queen ( Lady ) ( Complete )Where stories live. Discover now