Mafia Queen ( Lady )parts-15 Z/U

1.3K 71 2
                                    

Zawgi ( Unicode ) 👇👇👇

" ပြန်တော့ မလား Ava "

ကလေးတွေအား ကာကွယ်ဆေးထိုးပေးပြီးသည်နှင့် သူမဆီသို့ အပြေးအလွှားနှင့် ပြန်ရောက်လာသည်။

" ရတယ် Leo အေးဆေးလုပ်ပါ Ava အချိန်ရတယ်"

" ကိုယ်က ပြီးပြီ Ava ရဲ့ "

" အင်း ဒါဆိုရင် ပြန်ကြမယ်လေ "

" ခနနော် ကိုယ် အိတ်သွားယူလိုက်ဦးမယ် "

" အင်း"

သူမ ခေါင့်ညိမ့်ရင်သာ ဖြေလိုက်သည်။ တစ်နေကုန် လူကလည်း ဂေဟာအတွင်း ကလေးများနှင့်သာ ရောကာ ထိန်းဆော့နေမိသည်။မီးဖိုအတွင်း ဝင်ချင်ပေမယ့် ဘာမှမလုပ်တတ်တာကြောင့် အပြင်မှာ ကလေးထိန်းနေလိုက်သည်။ တော်ကြာ ကိုယ့်ကြောင့် ပို၍ အလုပ်ရှုပ်သွားပေဦးမည်။

" သွာမယ် Ava "

အိတ်ကို ဆွဲရင်း သူမဘေးက ကပ်လျှောက်တဲ့ Leo ကို သူမပြုံးပြရင်း ကားဆီသို့ နှစ်ဦးသား လျှောက်လာလိုက်သည်။
ဒီတစ်ခါတော့ yung မပါတာကြောင့် နှစ်ယောက်စလုံး ကားရှေ့ခန်းတွင်သာ ထိုင် လိုက်၏။

သူမကားပေါ်သို့ တက်ရန်ပြင်လိုက်စဉ်

" မမ Ava "

" ဟင်"

ရုတ်တရက် Sky လေးအသံကြောင့် ပြန်လှည့်ကြည့် အပြေးအလွှားပြေးလာသည့် Sky လေး။ နောက်မှ ဆရာမတစ်ယောက်ကလည်း အပြေးကလေးလိုက်ပါလာသည်။

" ဖြေးဖြေး Sky လေးရဲ့ ချော်လဲမယ် "

" ပြန်..တော့..မို့လား..ဟင်"

" အင်း ပြန်တော့မယ် Sky လေးရဲ့"

မျက်ရည် ဝဲလျက် ကြည့်လာတဲ့ Sky လေးကြောင့် သူမသဘောပေါက်သွားကာ

" မမ နောက်နေ့လည်း လာဦးမယ်နော် အဲ့ကျလရင် သားစကားမထစ်အောင် လုပ်ဖို့ ဆရာဝန်လည်း မမခေါ်လာမယ်"

" ဟုတ်"

" လိမ္မာတယ်"

သူမတို့ကား မောင်းထွက်သွားတော့ လက်လေးပြကာ ကျန်နေသော Sky လေးကို ကြည့်ရင်း စိတ်မကောင်းဖြစ်ရသည်။
ကလေးက တကယ် သံယောဇဉ်ကြီးပုံ။

" Sky လေး က Ava ကို တော်တော်ခင်တာနော်"

" အင်း"

Mafia Queen ( Lady ) ( Complete )Where stories live. Discover now