Mafia Queen ( Lady )parts 17- Z/U

1.3K 65 0
                                    

Zawgi ( Unicode ) 👇👇👇

ကျောခိုင်းထားခဲ့တာ ကြာပြီဖြစ်တဲ့ မိမိပိုင်သည့် စံအိမ်ရှေ့ရောက်တော့ လူကဝေခွဲရခက်စွာနှင့်ဖြစ်နေသည်။
ဒါပေမယ့် သူမအတွက်တော့ သူလုပ်ရမည်။
သူမနှစ်သက်ပေမယ့် သူမအတွက်တော့ မဟာတံတိုင်းလိုအင်အားကြီးနေမှဖြစ်မည်။ သူဘာမှမစဉ်းစားတော့ စံအိမ်တွင်းသို့ ခပ်သွက်သွက် ဝင်ရောက်လိုက်သည်။

" ဟာ သခင်လေး Leo"

သူ့ကိုမြင်တာနဲ့ အားရဝမ်းသာနှင့် အိမ်တော်ထိန်းဦးလေးကြီးက ရောက်လာသည်။

" သခင်လေး Leo လာတာ ဝမ်းသာလိုက်တာ မလာတာအတော်ကြာပြီ "

အိမ်တော်ထိန်းဦးကြီး ပြောသမျှကို ပြုံး၍သာ နားထောင်နေသည့် Leo ၏အပြုံး အတ္တတွေ ကင်းမဲ့စွာ။ အေးချမ်းလှသည့် အပြုံးသက်သက်သာ။

" အကိုကော ဦးကြီး"

" သခင်လေး Ruses က အလုပ်ကိစ္စနဲ့ အပြင်ထွက်သွားတယ် သခင်လေး "

" အင်း ဦးကြီးလုပ်စရာရှိတာလုပ်ပါ ကျွန်တော် အခန်းထဲကပဲ စောင့်နေပါ့မယ် "

" ဟို... စံအိမ်ကိုပြန်လာတာလားဟင် "

အိမ်တော်ထိန်းဦးကြီး က မျှော်လင့်ချက်မျက်လုံးဖြင့် မေးလာတော့ သူကပြုံး၍

" အဟင်း ဆိုပါတော့ဗျာ အလုပ်ထွက်ပြီး ဒီကို ပြန်လာတာ"

" ဝမ်းသာလိုက်တာ သခင်လေးရယ် သခင်လေးမရှိတော့ ဒီစံအိမ်ကြီးက လုံးဝခြောက်ကပ်နေတာ ဘာနွေးထွေးမှု မှမရှိတော့ဘူး "

" အကို Ruses ရှိတာပဲ ဦးကြီးရဲ့ "

သူ့စကားကြောင့် ဦးကြီးက မျက်နှာပျက်စွာညိုးငယ်သွားသည်။

" ကဲ ကျွန်တော်သွားမယ် ဆန္ဒရှိရင် ဦးကြီးရဲ့ လက်ဖက်ရည်နှပ်လက်ရာလေး သောက်ချင်ပါ့ဗျာ "

သူ့စကားကြောင့် မျက်နှာကပြုံးယောင်သန်းသွားပြီး

" 10 မိနစ်သခင်လေး ဦးလေးအကောင်းဆုံး လုပ်လာပါ့မယ်"

" ကျေးဇူးဗျာ.."

Leo ကပြောရင်း အပေါ်ထပ်အခန်းသို့တက်သွားတော့သည်။ Leo ကိုကြည့်ရင်း အိမ်တော်ထိန်းကတော့ ပြုံး၍သာ။
ငယ်ငယ်တည်းက ကိုယ့်လက်ပေါ်ကြီးလာတဲ့ ကလေးမို့ Leo ၏ အကြောင်းအကုန်သိနေသည်။

Mafia Queen ( Lady ) ( Complete )Hikayelerin yaşadığı yer. Şimdi keşfedin