172

6.5K 1K 30
                                    

{Unicode}

"တစ်ချိန်က"

လီတာ့ ဝမ်ယန် ကုတင်ဘေး ထိုင်နေသည်မှာ တစ်ညနီးပါးပင် ရှိတော့မည်။

သူက သန့်စင်ခန်းထဲတွင် ရေစိုဝတ် လုပ်လိုက်ပြီး ဝမ်ယန်နဖူးပေါ် အုပ်ပေးလိုက်ကာ အဖျားကျဆေးလည်း ထပ်တိုက်လိုက်သည်။

ထိုနေ့ညက ဝမ်ယန်တစ်ယောက် အိပ်နေရင်း ဘယ်လို အိပ်မက်ဆိုးတွေ မက်နေသည်မသိ၊ တစ်လျှောက်လုံး ကြောင်တက်တက်နှင့် တောင်စဥ်ရေမရ လျှောက်ပြောနေသည်။

ကယောင်ကတမ်း လျှောက်ပြောနေသည့်ထဲတွင် တစ်ခါတရံ အဓိပ္ပါယ်မရှိ နာတယ်ဟု အော်နေတတ်ပြီး တစ်ခါတရံတော့လည်း အမေ့ကိုလွမ်းတယ်ဟု ပြောရင်း ငိုနေသည်။

ထို့အပြင် မပီမပြင် ရေရွတ်နေသည့်ကြားမှ ရံဖန် ရံခါ ပြောထွက်လာတတ်သော စကားသုံးလေးကြောင်းကို အခြေပြု၍ ဝမ်ယန်တစ်ယောက် မည်သို့သော လူမဆန်သည့် အနိုင်ကျင့် စော်ကားမှုမျိုးကို ခံစားခဲ့ရကြောင်း လီတာ့သည်ပင် ခပ်ရေးရေးမျှ ခန့်မှန်း သိရှိနိုင်လာသည်။

လီတာ့သည် ဝမ်ယန်၏ နီရဲ ပိန်သေးနေသော လည်ပင်းကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်ကာ နှလုံးသားထဲ ဖြေရှင်းမရသော ရှုပ်ထွေးမှုတို့က ပိုမို အလေးသာလာသည်။

ယခင်က ဝမ်ယန်သည် မာနထောင်လွှားကာ စောင်မာန်တကြွကြွနှင့် ယုတ်မာရမ်းကားကာ ထေ့ငေါ့တတ်သော မျက်နှာရှိသူ ဖြစ်သည်။ စင်နောက်မှာဆိုလျှင် မည်မျှပင် စိတ်ကြီးဝင်နေတတ်ကြောင်း၊ ရန်ကော၏ အမေကို ဘယ်လိုဘယ်ပုံ ဆဲဆိုခဲ့ကြောင်း၊ မီဒီယာရှေ့တွင် မည်သို့မည်ပုံ အတုအယောင်တို့ ဟန်ဆောင်ခဲ့ကြောင်း၊ ပရိသတ်နှင့် မီဒီယာကို ကြေးစားလူသတ်သမားကဲ့သို့ ဖြစ်စေခဲ့ပြီး မိမိတို့ကိုပင် ပျက်သုဥ်းကုန်သည့် မျှော်လင့်ချက်များကြား နစ်မွန်းစေခဲ့ကြောင်းတို့ကို လီတာ့ အခုချိန်ထိပင် ရှင်းရှင်းလင်းလင်းကြီးကို မှတ်မိနိုင်ပါသေးသည်။

လီတာ့သည် ယခင်က ဝမ်ယန်ကို တစ်သက်လုံး ရွံ့မုန်းသွားနိုင်သည်ဟု ထင်မှတ်ခဲ့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now