"လူစစ်ရင်မတွေ့ပဲနေမယ်ပြန်ကြရအောင်"
ခုနကကားပေါကကောင်လေးအကြောင်းစဉ်းစားရင်းအတွေးထဲမှာမြောနေစဉ်
"ဟေ့ကောင် ကြားလား"
"အမလေးအဆင်တေအကုန်ငါနဲ့ညား လန့်တာကိုကြီးမင်းခန့်ရာ"
"ဘာတွေစဉ်းစားနေတာလဲ ငါပြောနေတာတောင်မကြားရအောင်"
"ဘာမှမစဉ်းစားပါဘူး ပြန်မယ်မလားသွားကြမယ်လေ"
အရှေ့ကနေကော့ထွက်သွားတဲ့ဇင်ဖြိုးသော်ကိုဘာမှမပြောပဲကြည့်လျက်
"လာလေကိုကြီးသားလမ်းမှမသိတာ"
"အေး အခုမှအဲ့တာသတိရလား"
ခေါင်းလေးကုတ်ကာပြုံးစိစိနဲ့"ဟီး"
ပြန်တော့လည်းခွေးတိုးပေါက်ကနေပဲပြန်ဝင်လာရတာပေါ့
"တော်သေးတယ်ဘသူမှမသိလိုက်တာ ဟီးး"
"လုပ်ချင်တာလုပ်လိုက်ရတော့ပျော်တယ်မလား"
စပ်ဖြီးဖြီးပါးချိုင့်လေးပေါအောင်ပြုံးပီး"ဟုတ်"လို့ပြောလိုက်ပုံမှာမြင်သူတိုင်းရင်ကိုအေးချမ်းသွားစေတယ်။အမှန်တော့အဲ့ကျောင်းကသူတွေသူတို့ခိုးထွက်တာကိုသိပါတယ်မင်းခန့်ဇင်ရဲ့မိဘအရှိန်အဝါကြောင့်သာမသိချင်ယောင်ဆောင်နေခြင်း။မင်းခန့်ဇင်ကလည်းအဲ့အကြောင်းတွေကိုသတိထားမိပီးသားပါ။သူ့အတွက်ဂရုစိုက်စရာဇင်ဖြိုးသော်လေးသာရှိသည်။
သူ့အပေါစိတ်ရင်းနဲ့ပေါင်းသင်းဆက်ဆံတဲ့သူဆိုလို့ဇင်ဖြိုးသော်တစ်ထဲပင်ကျန်တဲ့သူတွေကအပေါယံသာ နောက်ကျောကိုဓားနဲ့ထိုးမယ့်သူတေချည်းပဲအဲ့တာကြောင့်ဇင်ဖြိုးသော်ကိုကာကွယ်ပေးချင်တယ်။
အခုဆိုဇင်ဖြိုးသော်အသက်15နှစ်နဲ့မင်းခန့်ဇင်အသက်ကတော့16နှစ်ဖြစ်နေလေပီ။အရင်ကထက်အသကပိုကြီးလာပီဆိုပေမယ့်လည်းဇင်ဖြိုးသော်လေးမှာအရင်အတိုင်းမပြောင်းလဲအရပ်နည်းနည်းရှည်လာပီးပါးလေးပိုဖောင်းလာတာကလွဲရင်အရင်အတိုင်းပါပဲ။
အရင်တည်းကချစ်ဖို့ေကာင်းတဲ့ဇင်ဖြိုး သော်လေးကိုကျောင်းကိုလာပီးမွေးစားဖို့ပြောတဲ့သူတွေမနည်းမနှော မင်းခန့်ဇင်နဲ့ညီကိုလိုခင်မှန်းသိတော့ကျောင်းကသူတွေကမွေးစားဖို့လက်မခံခဲ့အဲ့အချိန်ကမင်းခန့်ဇင်လည်းငယ်သေးတော့ဇင်ဖြိုးသော်ကိုတခြားသူခေါသွားမှာကိုမလိုလားေတာ့လက်မခံခဲ့ အခုတော့သေချာစဉ်းစားကြည့်ရင်ဒီမှာနေရတာကဇင်ဖြိုးသော်အတွက်တိုးတက်မှုမရှိအပြင်ဘဝအကြောင်းဘာမှနားမလည် လွတ်လပ်မှုမရှိတာတွေကြောင့်အခုအချိန်ဇင်ဖြိုးသော်လေးကိုလိုလိုလားလားသေသေချာချာဂရုစိုက်စောင့်ရှောက်သားလေးအရင်းလိုမွေးစားမယ့်သူရှိရင်လက်ခံချင်တယ်။