part 4

757 28 0
                                    

"ငါ့နာမည်ကထက်ရှိုင်းယံ ဒါနောက်ဆိုမင်းနေရမယ့်အိမ်ပဲ ဒါကမင်းအတွက်အခန်း လိုတာရှိရင်အန်တီနုကိုပြောလိုက်"

ဇင်ဖြိုးသော်တယောက်တလမ်းလုံးဘာမှပြောမလာပဲသူနေရမယ့်အခန်း‌ ရောက်တော့တန်းပြီးအိပ်ပျော်သွားတယ်။

ညနေရောက်တော့

"ကိုကြီးမင်းခန့် ဟော ဟဲ ဟောဟဲ"

Air conအခန်းထဲမှာတောင်နှာဖူးမှာချွေးတွေနဲ့လန့်ပီးနိုးလာတယ်

"အယ် ညနေတောင်ရောက်သွားပီလားငါဘယ်‌လောက်တောင်အိပ်ပျော်သွားတာလဲ "

ဟိုကြည့်ဒီကြည့်လုပ်ပီး

"ဒါဘယ်နေရာလဲ...ah ငါ့ကိုမွေးစားဖို့လာခေါတဲ့သူရဲ့အိမ်ထင်တယ် ကိုကြီးမင်းခန့်ကငါ့ကိုအကြောင်းရှိလို့ဒီလိုလုပ်တာပဲနေမှာ ငါကိုကြီးမင်းခန့်ကိုယုံတယ် အဲ့တုန်းကသေချာမစဉ်းစားပဲပြောခဲ့လို့တောင်းပန်ပါတယ်နော် နောက်တခါတော့ပြန်တွေ့ချင်သေးတယ်"

အိပ်ရာပေါကအဝတ်၂ထည်တွေ့တော့မှ

"ဟုတ်သား ငါရေမချိုးရသေးဘူးပဲ"

30m later

ဒေါက် ဒေါက် ဒေါက်

"သားလေးထမင်းစားဖို့လာခေါတာပါ"

"ဟု ဟုတ် လာပီဗျ".

အင်္ကျီအပြာနုလေးနဲ့ဒူးကျဘောင်းဘီလေးကိုဝတ်ပီးလှေကားပေါကဆင်းလာစဉ်မိန်းကလေး‌ေတွအားကျ လောက်အောင်ကိုပင် ခြေထောက်ကသွယ်ပီးဖြူဖွေးနေတာကြောင့်ထမင်းစားပွဲနားကအစေခံ‌တွေကပါငေးမောနေမိကြတယ်။ဇင်ဖြိုးသော်လေးကတော့်သူ့အတွက်အိမ်ကအရမ်းကြီးလွန်းတာကြောင့်ပါးစပ်အဟောင်းသားနဲ့အိမ်ကိြဟိုကြည့်ဒီကြည့်ရှောက်‌ကြည့်နေတယ်။

အဲ့အချိန်ထက်ရှိုင်းယံဇင်ဖြိုးသော်ကိုကြည့်ကာတံတွေးတချက်မျိုချပီး ဘေးကိုကြည့်လိုက်တော့တခြားသူတွေဝိုင်းကြည့်နေတာမြင်တော့ချောင်းတချက်ဟန့်လိုက်တော့မှသတိဝင်လာကြတော့တယ် ဇင်ဖြိုးသော်လည်မြန်မြန်ဆင်းတော့ကြက်ပေါက်လေးနဲ့ပင်တူ၍ချစ်ဖို့ကောင်းနေတာကြောင့်တော်ရုံအရယ်အပြုံးမရှိတဲ့ထက်ရှိုင်းယံတ‌ ယောက်မသိလိုက်ခင်မှာပဲရယ်မိသွားတယ်။

"အဟန့် ဒီမှာလာထိုင်"

စားပွဲအရှည်ကြီးကိုသူ့ဘေးမှာလာထိုင်ခိုင်းတာကြောင့်ဇင်ဖြိုးသော်နည်းနည်းကြောင်သွားတယ်။

"အမ် ဟုတ်"

ဇင်ဖြိုးသော်ထက်ရှိုင်းယံကိုသေချာကြည့်မိတော့မှ အသားမညိုတညိုလေးမျက်ခုံးမွှေးထူထူ နှာတံချွန်ချွန် ယောက်ကျားပီသတဲ့မျက်နှာအနေအထားနဲ့ထက်ရှိုင်းယံကိုကြည့်ပီး

"ဒီဦးလေးကြီးကတော်တော်ချောတာပဲ"

ထက်ရှိုင်းယံတ‌ယောက်စားလက်စထမင်းတောင်နင်သွားတယ်

"အဟွတ် အဟွတ် အဟက် မင်းငါ့ကိုဦးလေးကြီးလို့ခေါလိုက်တာလား"

"ဟုတ်တယ်လေ ဦးလေးကြီးရဲ့"

ဘေးကသူတေပါထရယ်တော့

"မင်းတို့တွေထွက်သွားတော့"

"ဟုတ် ဟုတ်ကဲ့ပါသခင်လေး(ပြိုင်တူ)

"ဒီမှာ ငါ့အသက်က17 "

"ဟွန့် သားထက်ကြီးတာပဲလေ"

"မင်းအသက်က15 2နှစ်ကွာတာကိုဦးလေးလို့ခေါရမယ်လို့ဘသူသင်ထားတာလဲကွ"

"သိဘူးလေ အာ့ဆိုဘလိုခေါရမှာလဲ မောင် လို့ခေါရမှာလား။"

ရုတ်တရက်ထွက်သွားတဲ့စကားလုံးကြောင့်
နှစ်ယောက်လုံးပါးတွေနီရဲလာပီး ရှက်ကိုးရှက်ကန်းနဲ့

"သ သားအခန်းပြန်သွားတော့မယ်"

"အေး"

ထက်ရှိုင်းယံရင်ထဲမှာရင်ခုန်သံတွေပလုံစီနေတာဘသူသိမှာလဲ

အပေါသို့မြန်မြန်တက်ခါ အိပ်ရာပေါသိလဲချပီးအရုပ်က‌ လေးကိုဖက်ကာထက်ရှိုင်းယံမျက်နှာကို‌ တွေးမိ‌လိုက်တော့မျက်နှာတခုလုံးနဲ့နားရွက်လေးပါနီရဲနေပီးဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နဲ့

"အားးး ငါဘာလို့အဲ့လိုခေါလိုက်ရတာလည်း နောက်သူ့မျက်နှာဘလိုကြည့်ရမလဲတောင်မသိတော့ဘူး အီ ဟီးး"

ခနကြာတော့ဇင်‌ဖြိုးသော်လည်းအိပ်ပျော်သွားတော့တယ် ဇင်ဖြိုးသော်လေးအိပ်လောက်တဲ့အချိန်တိုးတိုးတိတ်တိတ်အခန်းထဲဝင်လာပီးခုတင်ဘေးနားမှာထိုင်လျက် နို့နှစ်ရောင်အသားအရည် ကော့နေတဲ့မျက်တောင် ပါးလေးမှာရဲနေပီးရှိတယ်‌‌တောင်မထင်ရတဲ့နှုတ်ခမ်း‌မွှေးယေးယေးလေး‌တွေကိုမြတ်နိုးစွာကြည့်လျက်ပန်းရောင်သန်းနေတဲ့နှုတ်ခမ်းဖူးဖူးလေးကိုလက်ဖြင့်ညင်သာစွာပွတ်သက်ကာ

"ငါ့ကိုဒီလိုဖြစ် အောင်လုပ်ပီးငါ့ဆီကထွက်သွားလို့ရမယ်မထင်နဲ့ကလေး"

………………........................................................

မောင်သည်သာကျွန်တော်ရဲ့မြတ်နိုးရာWhere stories live. Discover now