မျှော်လင့်ချက်မဲ့ခြင်း

893 114 8
                                    

Uni

Scroll down for zawgyi version

ရှရှီးသည် သူ၏ပြင်းထန်သောဗိုက်အောင့်ခြင်းကြောင့် နာကျင်လျက်ရှိနေပြီး အသက်ရှူကြပ်ကာမျက်လုံးများပင်မဖွင့်နိုင်တော့ပေ။သူသည်ထိုဝမ်းဗိုက်အားလက်ဖြင့်ဖိထားပြီး တွန့်လိမ်လျက်ရှိနေကာ ချွေးစေးများကလည်း လွန်စွာထွက်နေ၏။ယင်းရလဒ်တို့သည်ကား သူ၏သတိမမူဂရုမပြုခြင်းကြောင့်ဖြစ်လာရသည့်အကျိုးဆက်ဆိုလျှင်လည်းမမှားပေ။

နာရီဝက်ကြာသည်အထိ ထိုနာကျင်မှုကလုံးဝကိုလျော့ကျသွားခြင်းမရှိတာကြောင့် သူသတိလစ်လုနီးပါးပင်ဖြစ်ချင်နေပြီဖြစ်၏။သူ၏ဉီးခေါင်းတစ်ခုလုံးကမူးဝေနေပြီး အတွေးများကလည်း နွံထဲနစ်မြှပ်နေသယောင် တွေးခေါ်နိုင်စွမ်းများပျောက်ဆုံးနေလေပြီဖြစ်ပေသည်။

အချိန်အတန်ငယ်ကြာပြီးနောက်မှာတော့ သူ ထဖို့ရန်ကြိုးစားရုန်းကန်လိုက်သည်။ထို့နောက်စားပွဲပေါ်ရှိ ဖန်ခွက်ဆီသို့လက်လှမ်းကာ ၎င်းအားယူရန်ကြံဆောင်သော်လည်း တုန်ယင်နေသည့်လက်က သူ့အားသစ္စာဖောက်နေ၏။ယင်းအားခက်ခက်ခဲခဲရယူပြီးနောက်တွင်လည်း ရေများကဖိတ်ကျကုန်တာကြောင့် သူ၏ပါးစပ်အတွင်းသို့ပင် အလုံးစုံဝင်ရောက်သွားနိုင်ခြင်းမရှိတော့။သူထိုအသက်ရှူကြပ်ကာ မွန်းကြပ်နေရသောခံစားချက်ကြီးကိုလုံးဝသဘောမကျပေ။မုန်းလည်းမုန်း၏။

ရှရှီးသည် မြေပြင်ပေါ်သို့ ပျော့ခွေကာလဲကျသွားသည်။သူသည်သူ့လက်ကိုကြည့်ရင်း ဖြစ်ပျက်ခဲ့သမျှအားပြန်လည်တွေးတောနေ၏။

သူအခုအချိန်မှာသေသွားသင့်နေပြီမဟုတ်ဘူးလား။

ရှရှီးသည် အဆောက်အအုံပေါ်မှခုန်ချရင်း ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့သည်။သူသည် ထောင်
ဝတ်စုံအားဝတ်ဆင်ထားလျက် ခုနစ်ထပ်မြောက်အဆောက်အဉီးမှခုန်ချသွားခဲ့ခြင်းဖြစ်ပေသည်။
သူကသူ့နောက်ကြောင်းများအားလုံးကိုလျို့ဝှက်ထားခဲ့သဖြင့် သူသေသွားခဲ့လျှင်ပင် မည်သူတစ်ဉီးတစ်ယောက်ကမျှ သူသေသွားပြီဖြစ်ကြောင်းကိုသိနိုင်မည်မဟုတ်ပေ။

ဆန်ကုန်မြေလေး gong ကငါ့ကိုနောက်တစ်ကြိမ်ပြန်ပြီးလက်ထပ်ချင်နေတယ်[mm translation] Where stories live. Discover now