ဝက်ဝံကလေးလေး 1.1

673 64 2
                                    

Uni
Scroll down for Zawgyi version

ပစိဖိတ်သမုဒ္ဒရာ၏တစ်ဖက် အမေရိကန်နိုင်ငံ၌ရှိနေသည့် ချင်ရွေ့လင်က ' Love ' ဇာတ်လမ်းမိတ်ဆက်ပွဲ၏ဗီဒီယိုကလစ်အားကြည့်နေသည်။ယင်းအပြင်ကျယ်ဝန်းလှသည့်ရုံးခန်းအတွင်းရှိစားပွဲပေါ်ရှိအငွေ့တထောင်းထောင်းနှင့်ကော်ဖီတစ်ခွက်ကတည်ရှိလို့နေသေး၏။

သူ့မျက်လုံးများက လေးနက်နေသယောင်ရှိပြီး မည်သူမှသတိမမူနိုင်သည့် ပြင်းပြသောစိတ်ကိုဖော်ကျူးနေသောအကြည့်တို့လည်းရှိနေ၏။သူ၏တွန့်ချိုးနေသောမျက်ခုံးများနှင့်အတူ အကြည့်တစ်စုံကဗီဒီယိုထဲက ရှရှီးဆိုသူအားမျက်တောင်မခတ်တမ်းလက်မလွှတ်တမ်းအသေးစိတ်ကြည့်ရှုလို့နေသည်။သူကအနည်းငယ်မျက်နှာလွှဲလိုက်လျှင်ပင် ထိုလူပျောက်ကွယ်သွားတော့မည့်အလား။ရှရှီးဟူသည် သူအစဉ်အမြဲလျစ်လျူရှုကာပစ်ပယ်ထားခဲ့သော ခင်ပွန်းသည်ဖြစ်၏။သူ၏စိတ်ထဲ၌
ထိုခင်ပွန်းသည်အပေါ် အတိုင်းအတာတစ်ခုအထိကောင်းမွန်စွာဆက်ဆံပေးခဲ့မိသည်ဟုထင်သော်လည်း တစ်ကယ်တမ်းတော့ထိုသို့ဟုတ်ပုံမရပေ။

ရှရှီး အားချစ်ခင်နှစ်သက်သူများစွာရှိနေသော
ကြောင့် ယခင်က ချင်ရွေ့လင်သည်ထိုလူသားအပေါ်ချစ်ခင်ဖို့ရန်မလိုဟုထင်ခဲ့မိဖူးသည်။ဗီဒီယိုထဲတွင်ရှရှီးသည် သူ၏ အဖွဲ့သားသရုပ်ဆောင်များနှင့်အတူ ပြောဆိုဆက်ဆံနေပြီး သူ၏မျက်လုံးများနှင့်ဆွဲဆောင်မှုရှိသောနှုတ်ခမ်းတစ်စုံကလှပစွာပြုံးနေ၏။ချင်ရွေ့လင်ကရှရှီး၏နှုတ်ခမ်းများလှုပ်သွားပုံ၊ဟသွားပုံနှင့်စိသွားပုံများကိုပါမကျန်ကွက်ကွက်ကွင်းကွင်းပင်မြင်နေရ၏။သူကယင်းကိုအာရုံစိုက်နေရသဖြင့်သူ့အရှေ့သို့ ကျိရှင်းကမည်
သည့်အချိန်၌ရောက်လာသည်ကိုပင်မသိလိုက်ချေ။ကျိရှင်းသည် ချင်ရွေ့လင်၏အရှေ့၌အချိန်အတော်ကြာရပ်နေခဲ့ပြီး ထိုသူနှင့်ရင်းရင်းနှီးနှီးနေလိုက်ချင်သော်လည်း ထိုလူ၏အရောင်အဝါကိုမူကြောက်နေပုံရသည်။

သူ့ကိုတွေ့သွားသည့်ချင်ရွေ့လင်၏မျက်နှာကရုတ်တရက်အေးစက်သွားကာ ဒေါသထွက်စွာမေးလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jun 08, 2022 ⏰

Add this story to your Library to get notified about new parts!

ဆန်ကုန်မြေလေး gong ကငါ့ကိုနောက်တစ်ကြိမ်ပြန်ပြီးလက်ထပ်ချင်နေတယ်[mm translation] Where stories live. Discover now