ရုပ်ရှင်မိတ်ဆက်ပွဲ

644 92 8
                                    

Uni

Scroll down for Zawgyi version

' Love ' ဇာတ်ကား၏မိတ်ဆက်ပွဲအခမ်းအနားစင်အနောက်ဘက်

ရှရှီး သည်မှန်တင်ခုံရှေ့၌ထိုင်လိုက်ပြီး ကိုယ့်မျက်နှာကိုကိုယ်ပြန်ကြည့်မိသည်။ပုံမှန်အချိန်ဆိုလျှင် သူ့အသားအရေကဖြူဝင်းတောက်ပနေပြီး မိတ်ကပ်အနည်းငယ်လိမ်းလိုက်ရုံဖြင့်ပြည့်စုံသွားစမြဲသာဖြစ်၏။သို့ရာတွင်သူ့ထံ၌များစွာသောဖိအားများရှိကာ စိတ်အခြေအနေများဆိုးရွားသွားခဲ့သဖြင့် ယင်း၏အကျိုးသက်ရောက်မှုကလည်းပ်ိုမိုပြင်းထန်သွားပေသည်။သူ၏
အသားအရေက မည်းညစ်သွားသည်မဟုတ်သော်လည်း အနည်းငယ်တော့ကြမ်းသွားရ၏။

ကျဲန်းလျန်သည် ရှရှီး၏မေးစေ့ကိုကိုင်လိုက်ပြီး စူးစိုက်ကာစိတ်အားထက်သန်နေသည့်မျက်လုံးများဖြင့်စိုက်ကြည့်လိုက်သည်။ရှရှီးကို လှပချောမောကာအစဉ်နုပျိုနေသည့်မျက်နှာမျိုးဖြင့်မွေးဖွားလာခဲ့သည်။သူ၏နူးညံ့ချောမွေ့သည့်အသားအရည် ၊ထူထဲရှည်လျားသောမျက်တောင်မွှေးများ ၊ ဖြောင့်စင်းမြင့်မားသည့်နှာတံရှည်များနှင့် လူများကိုနမ်းချင်လာအောင်ဆွဲဆောင်နေ
သည့်နှုတ်ခမ်းပါးအိအိလေးများ ၊ယင်းတို့သည် ဘဝဆက်တိုင်းကောင်းမှုလုပ်ခဲ့တာကြောင့်ဖြစ်နိုင်သည်။ကျဲန်းလျန်ကမူ သူ့မေးစေ့အားကိုင်ထားသည်ကိုပင်လက်မလွှတ်နိုင်အောင်ဖြစ်နေရသည်။

မေးစေ့ကအရေပြားလေးကတောင်နူးညံ့နေတာပဲ...

နောက်ဆုံးတော့လည်းယင်းအားလွှတ်ပေးလိုက်ကာမျက်နှာတစ်ခုလုံးအားစူးစမ်းသည့်အနေဖြင့်ဘယ်ကြည့်ညာကြည့်လုပ်နေပြန်၏။
သူကပါးစပ်ကိုဖွင့်လိုက်ကာ

" ဝိုး..ကြည့်စမ်းပါဉီး..ယောကျာ်းလေးတစ်ယောက်ကိုငါဒီလိုတော့မပြောချင်ပေမယ့်လည်း...မင်းကအရမ်းလှတာပဲ..တစ်ကယ်ကိုလှတာ..အရင်ပြောခဲ့တဲ့စကားတွေကိုတော့ထည့်မတွက်နဲ့တော့..အခုကစပြီးငါ့နှလုံးသားရဲ့နတ်ဘုရားကမင်းတစ်ယောက်တည်းပဲ "

ရှရှီးကပြုံးလိုက်ကာ
" မင်းအခုအချိန်မှာသာဒီလိုပြောနေတာ နောက်ပိုင်းငါရုပ်ဆိုးသွားရင်ရော ပြောနိုင်ဉီးမလားကြည့်ဉီးမယ် ..မိန်းမတွေကလိမ်ရတာကိုကြိုက်တယ်လေ ဘေဘီ "

ဆန်ကုန်မြေလေး gong ကငါ့ကိုနောက်တစ်ကြိမ်ပြန်ပြီးလက်ထပ်ချင်နေတယ်[mm translation] Where stories live. Discover now