176

5.4K 795 26
                                    

{Unicode}

"ယမ်းခါ"

ကွင်းဆင်း ရိုက်ကူးရေး ပြီးခါးနီး အချိန်တွင် ငါးနာရီပင် ထိုးလုနေခဲ့ပြီ။

ဆောင်းရာသီမို့ ကောင်းကင်ကြီးက လျင်မြန်စွာ မည်းမှောင်သွားပြီး တောင်ပေါ် အပူချိန်သည်လည်း သာသာလွန်လွန် ကျဆင်းလာခဲ့ရာ လေတိုက်ရုံနှင့်ပင် မျက်နှာက ကျိန်းစပ်လာသည်။

ဝမ်ယန်၏ ခန္ဓာကိုယ်က အစကတည်းက အတည်တကျ ရှိမနေ၍ ခန္ဓာကိုယ်မှ ချွေးစက်များက လေအေးတစ်ချက် အဝှေ့နှင့် လွင့်စင်သွားခဲ့ပြီး ချက်ချင်းဆိုသလို နှာပါချေလာတော့သည်။

ရန်ကျားလိက သူ့နဖူးကို စမ်းကြည့်လိုက်ရာ အဖျား ပြန်တက်လာပုံပင်။

ရန်ကျားလိက ဝမ်ယန်၏ လက်မောင်းကို ထောက်ပေးလိုက်ကာ အမေးပြုသည်။

"မင်း ခံနိုင်သေးရဲ့လား၊ ခေါင်းရော မူးလား"

ဝမ်ယန်က အားပြုရင်း ခေါင်းယမ်းပြကာ နားရွက်များက နီရဲနေလျက်နှင့် ခပ်ဖျော့ဖျော့ ဆိုသည်။

"ဘာမှမဖြစ်ပါဘူး။ ခဏလောက် တောင့်ခံထားလိုက်ရင် ရပါပြီ"

ရန်ကျားလိက သူ့ပုံစံကို ကြည့်ရင်း မျက်မှောင် ဖွဖွ ကြုတ်မိတော့သည်။

ဝမ်ယန် ကင်မရာထဲ ပါလာရမည့် အပိုင်းကို ရိုက်ကူးပြီးနောက် ဒါရိုက်တာသည်ပင် ဝမ်ယန်က ပုံမှန် မဟုတ်ဘူး ဆိုသည်ကို ခန့်မှန်း သိရှိလာလေသည်။ ထိုအခါ ချက်ချင်းပင် ဝမ်ယန်ထံ လက်ဝှေ့ယမ်းပြလိုက်ပြီး ပြောသည်။

"ခန္ဓာကိုယ်က အဆင်မပြေရင်လည်း အတင်းကြီး တောင့်ခံမနေနဲ့တော့။ နောက်မှာ ခရီးစဥ်က လေးငါးရက်လောက် ရှိသေးတယ်။ တကယ်လို့ ဖျားသွားရင် ဘယ်လိုလုပ်မလဲ။ ဒီနေ့ မင်းရဲ့ အပိုင်းတွေက ရိုက်လို့ပြီးသွားပြီ၊ မင်းအရင် ခဏလောက် သွားအနားယူနှင့်တော့"

ဝမ်ယန်က ခေါင်းညိတ်သည်။

ရန်ကျားလိက သူ့ကို သွားတွဲပေးမည် ကြံတုန်း လီတာ့က ရုတ်တရက်ကြီး ဝင်ဦးသွားကာ ဝမ်ယန်၏ လက်မောင်းကို ဆွဲလိုက်ပြီး

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now