Uni_ Part.21

1.9K 99 5
                                    

ပိုင်ခန့်တစ်ယောက် သူ့အားနမ်းကာ အဖြေတောင်းနေလေသော ကိုငယ်သျှမ်းမြင့်မိုရ်သော်ကြောင့် အံ့သြလွန်း၍ ဆွံ့အနေမိခဲ့လေသည်။ ကိုငယ်ဆိုသည့် သူက သူ၏ ညီအစ်အကိုများ အပေါ်မှ လွဲ အခြားသူများ အပေါ် နူးညံ့တက်သည့် လူစားမျိုးမဟုတ်ပေ။

"ပေါက်စ..!! ....ကိုကို့ကို ချစ်လားလို့ ကွာ "

"ပေါက်စ ငြိမ်နေရင် ကိုကိုထပ်ပြီးတော့ နမ်းမှာတော့မှာနော် .....ဒီတစ်ကြိမ်ဆိုရင်တော့ အသက်ရှု မရတဲ့အထိ နမ်းပြစ်မှာ"

"ပေါက်စ...ကိုကို နမ်း...အွင့်"

ပိုင်ခန့်တစ်ယောက် သူ့အား ထပ်မံ၍ နမ်းရန် အနား ကပ်လာသော လူကြီး ကြောင့် ပိုင်ခန့် မှာ လျှင် မြန်စွာ ပင် ကိုငယ့် နှုတ်ခမ်းများ အား ပိုင်ခန့်၏ လက်သေးသေးလေး များ ဖြင့် ပိတ်လိုက် ရလေသည်။ ဟုတ်လျှင် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာ မည်ကို ပိုင်ခန့် မတွဲ ရဲတော့ပေ။

"ချစ်တယ်"

"ကိုကို့ ကို ချစ်တယ် "

"ဟိုးငယ်ငယ်လေးကထဲက ကော..အခုကော ..ကိုကို တစ်ယောက်ထဲ ကိုပဲ ချစ်ခဲ့တာ...သားရဲ့ နှလုံးသာကို ဘယ်လောက်ထိ ပဲ နာကျင်စေခဲ့ပါ စေ ..အဲ့ ဒီနာကျင်မှုတွေ က ကိုကို့အပေါ် ချစ်တဲ့ သား ရဲ့ အချစ်တွေ ကို တောင်မတိုးပေါက်နိုင်လောက်အောင် သား ကိုကို့ ကို ချစ်ခဲ့တာ"

"သိပ်ချစ်တယ် ကိုကို ....သားကိုကို့ကို သိပ်ချစ်တယ် "

"အွင့် ...ပြွတ်စ်"

ကိုငယ်သူ၏ မျက်စိရှေ့မှောက်၌ သူ့အား ချစ်ကြောင်း ဝန်ခံနေသော ကလေး ငယ်လေး ကြောင့်သူ၏ ရင်ခုန် နှုန်းတို့ မှာ လည်း အဆမတန် တိုးခက်လာ ခဲ့လေသည်။ ထို့အတွက်ကြောင့် ကိုငယ် ချစ်စော စိတ်တို့ ဖြင့် မြတ်နိုးစွာ သူ၏ ကလေး ငယ်လေးအား လည်ပင်းမှ ညာလက်ဖြင့် ကိုင်ကာ နောက်လက်တစ်ဖက်အား ကလေးငယ်လေး ၏ ဦးခေါင်း အား ထိနကိုင်ရင်း ကလေး ငယ်၏ နှုတ်ခမ်းဖူးဖူးလေး အားနမ်းရှိုက်လိုက်လေသည်။

ချစ်သည် ထိုကလေးငယ်လေး ကို သျှမ်းမြင့်မိုရ်သော် ဆိုသည့် ကျွန်တော် သိပ်ကို ချစ်ပါသည်။

🏡ကမၻာငယ္ေလး🏡(Completed)Where stories live. Discover now