Uni/Part.29

1.7K 91 0
                                    

🏡ကမ္ဘာငယ်လေး🏡

part. 29

အငယ်ကောင်တစ်ယောက် သူ့စကားနှင့် သူ ရှက်ရှက်ဖြင့် မျက်နှာလေးပင် ပူထူလို့ နေလေသည်။

"အဟမ်း"

ညို့မေသစ်ဆိုတဲ့ မမ ချောင်းဟန့် ကာ မှ အငယ်ကောင်မှာ သူ မဟုတ်သူည့်အတိုင်း သွားလေးဖီးပြကာ...

"ဟဲဟဲ ..မမ ဟိုလေ ..သားက စတာ စတာ အတည် မယူ နဲ့ နော် "

ညို့မေသစ်မှာတော့သူ၏ ရှေ့ မှ ကောင်လေး အား ကြည့်ကာ သူ မှာ ရယ်ရခက် ငို ရခက်နှင့်ပင်။

"ဒေါက် ..ဒေါက် "

"အဲ ...ဟို သား တခါးသွား ဖွင့်လိုက်အုံး မယ်ဗျ"

အခန်းဝမှ တံခါး လာခေါက် သူ က်ို ပင် ထိုင်ကန်တော့ချင်သွားတော့သည်။ မဟုတ်လျှင် မျက်နှာ ပူ လွန်း ၍ ဘယ်လို နေရမယ် ကို မသိတော့။

ညို့မေသစ်လည်း အငယ်ကောင် တံခါး သွား ဖွင့်ကာ မှ သူ့မှာ မောင် ဖြစ်သူ အား ကြည့်ကာ သဘောတကျ ပြုံး မိလေတော့သည်။

"ဧည့်သည်ရောက်နေတာလား "

"ဟို ..အဲ့ဒါ ဧည့်သည်မဟုတ်ဘူး ၊ အဲ့လူရဲ့ အစ်မတဲ့ ကိုကြီး"

"အဲ ဟုတ်လား "

"ဒီက ညီမက ...ညို့မေသစ် ဆိုတာလား "

"ဟုတ်ကဲ့ ကျွန်မ က မောင်လေးညို့ဟိန်းသစ်ရဲ့ အစ်မ အရင်းညို့မေသစ်ပါ"

"ဒီက ညက ဖုန်းဆက် ပြောတယ် ကိုသျှမ်းဇေခိုက်သော်များလား "

"ဟုတ် ကျွန်တော်ပါ "

"ဒါက ကျွန်တော့ ညီလေး အငယ်ကောင် သျှမ်းဟန်ဝသာန်သော်ပါ "

"ကျွန်ဘက်ကပဲ  ကျွန်တော့ ညီလေးအစားထပ်ပြီးတော့ တောင်းပန်ပါရစေ"

"အငယ်ကောင်က နည်းစိတ်ဆက်တော့ ထစ်ကနဲဆို လက်က ပါပြီးသား မို့ ကျွန်တော်က ပဲ ထပ်ပြီး တော့ တောင်းပန်ပါတယ်"

ညို့မေသစ်မှာ သူက လူနာရှင်ဆိုပေမယ့် ထပ်ခါ ထပ်ခါတောင်းပန်နေသော တစ်ဖက်လူကြောင့်သသ ပင်ပြန်၍ အား နာလာရပေသည်။

"ညီလေး သက်သာ ရဲ့ လား "

"ဟုတ်ကဲ့ ကိုကြီး ကျွန်တော် သက်သာ ပါတယ်ဗျ"

🏡ကမၻာငယ္ေလး🏡(Completed)Where stories live. Discover now