Uni _Part.33

1.7K 95 8
                                    

အပိုင်း _ 33

"ဒုန်းးးး"

"အုန်းးးးးး"

"ဟာ အချစ်လေး ရေ မှားမယ်လို့ "

"ဝှစ် ....အုန်းးးးး"

"ကိုကိုရေ မှားမယ်လို့ ...အိုက်ရားးး"

ရုတ်တရပ် လူနာခန်းထဲမှ ထွက်ပေါ်လာသော ဆူညံသံများ နှင့် ညီဖြစ်သူသျှမ်းဟန်ဝသာန်သော်၏ အော်သံတို့ကြောင့် ကိုကြီးနှင့်တိမ်ယံ့ပင်လန့်သွားကြရလေသည်။

ထို့ရောက်လျှင်မြန်စွာပင် အခန်းထဲ သို့ ပြေး ဝင်လာခဲ့ လိုက်ကြလေသည်။

ကိုကြီးသျှမ်းဇေခိုက်သော်တို့ အခန်းထဲ သို့ ဝင်သွားသော် နှစ်ယောက်သား သွေးပင်တိုးချင်သွားရလေသည်။

"ဟာ ..ဦး "

"ဟာ ကိုကြီးရေ ရှောင် ရှောင် ဟ "

တိမ်ယံနှင့်အငယ်ကောင်တို့ စကား ပင်မဆုံးသေး ဟိန်းသစ်ပစ်လိုက်သော ခေါင်း အုံးသည် ကိုကြီး ၏ မျက်နှာ တည့်တည့်သို့ ထိမှန်သွားလေသည်။

"အိ ..ကိုကြီး ဟ"

ဟိန်းသစ်တစ်ယောက် သူပစ်လိုက်သောခေါင်းအုံ ကိုကြီးကို ထိသွား မှငြိမ်သွားလေသည်။

သို့သော်မျက်နှာလေးက စူပုပ်ပုပ်လေးဖြင့် အငယ်ကောင်အားမကြည်ကြည့် ကြည့်ကာ ကိုကြီးနှင့်တိမ်ယံ့ကိုတော့ အားနာစွာဖြင့် ဟိန်းသစ်မျက်နှာလေးငယ်သွားရလေသည်။

"ဒါက ဘာတွေ ဖြစ်နေတာလည်း "

"အိုက်ရား ..ကျွန်တော်ဘာမှသိဘူးနော် အချစ်ပေါ့ အဲမှားလို့ ဟိန်းသစ်ပေါ့ ကျွန်တော့ကို တွေ့ရာပစ္စည်နဲ့လိုက်ပေါက်နေတာ"

"အောင်မှာ သူက ပဲ အပြစ်မလုပ်ထားသလိုနဲ့ အရင်တိုင်နေသေး"

"မဟုတ်လို့လား ခများပဲ ကျွန်တော့ကို ပစ္စည်းတွေနောက်ပေါက်နေတာမဟုတ်ဘူးလား "

ခများဆိုပဲ တစ်ချိန်လုံး ကိုကိုခေါ်လိုက်ချစ်လေးခေါ်လိုက်နဲ့ လူက်ုလိုက်စနေတာသူမဟုတ်တဲ့ အတိုင်းနွားက။ ဟင်းနော် ငါ ကိုကို့မျက်နှာကြောင့် သည်းခံနေတာနော်။

"ကယ် ညီ ဘာတွေ ဖြစ်နေကြတာလည်း "

ကိုကြီးတစ်ယောက် စိတ်မရှည်တော့သည့်မို့ မျက်လုံးတွေနဲ့ကြည့်ကာ ကိုက်နေကြသည့် နှစ်ယောက်အား ခေါင်းသာရမ်းမိတော့သည်။

🏡ကမၻာငယ္ေလး🏡(Completed)Where stories live. Discover now