177

6.3K 991 56
                                    

{Unicode}

"နာလိုက်တာ"

လီတာ့က ရိုက်ကူးရေး နေရာ ပြန်ရောက်လာတော့ စိတ်အာရုံက အနည်းငယ် လွင့်ပျယ်လို့နေသည်။

လီအော့က နံဘေးတွင် ထိုင်နေကာ သူ့အား အကြိမ်ကြိမ် ခေါ်နေခဲ့သော်လည်း လီတာ့က တုံ့ပြန်လာခြင်း မရှိပေ။

ကူကယ်ရာ ဖြစ်နေသည့်အဆုံး သူက ဘူးအလွတ် တစ်ဘူးကိုင်ပြီး လီတာ့ကိုယ်ပေါ် ပစ်ပေါက်လိုက်ကာမှ လီတာ့က အသိပြန်ဝင်လာသည်။

လီတာ့မှာ အတွေးစများကို အတင်းအကျပ် ဖြတ်တောက်ပစ်လိုက်ရပြီး အနည်းငယ် မကြည်မသာနှင့် မေးသည်။

"မင်း ဘာလုပ်တာလဲ"

လီအော့က ပခုံးတွန့်လိုက်ပြီး မျက်ခုံးပင့်ကာ

"ကော ဘာတွေ တွေးနေတာလဲ။ တွေးနေတာမှ အသိတောင် မကပ်တော့ဘူး"

လီတာ့က တင်းမာသော မျက်နှာထားနှင့်

"ဘာမှ မတွေးဘူး"

ပြောပြီးသည်နှင့် ခေါင်းပြန်လှည့်သွားသည်။

လီအော့က မျက်မှောင်ကြုတ်သွားပြီး လီတာ့၏ အတွေးထဲ နစ်မြောနေသည့် ပုံစံကို လေ့လာ ကြည့်ရှူလိုက်ရင်း မျက်လုံးအိမ်က လှုပ်ယမ်းသွားကာ လားရာတစ်ခုဆီ ဦးတည်ရင်း ဟန်ဆောင် အော်လိုက်သည်။

"အိုင်း၊ ဝမ်ယန်၊ မင်းဘယ်လိုလုပ် ပြန်ရောက်လာရတာလဲ....."

လီတာ့က ထိုစကားကို ကြားသောအခါ ခန္ဓာကိုယ်က တစ်ချက် တုန်သွားပြီး ကမန်းကတန်း ခေါင်းလှည့်လာလျက် ဒေါသတကြီး ဆိုသည်။

"ဘယ်သူက မင်းကို ထွက်လာခိုင်းထားလို့လဲ!"

စကားသံ ဆုံးသည်နှင့် သူမျက်လုံး ကျဥ်းမြောင်းပြီး ကြည့်လိုက်ရာ အနောက်ဘက်မှာ ဗလာကျင်းနေခဲ့ပြီး ဝမ်ယန်၏ အရိပ်အယောင်လည်း ရှိမနေခဲ့ပါ။

လီတာ့က စိတ်တိုသွားပြီး မျက်လုံးပြူးလျက်နှင့် စပ်ဖြီးဖြီး ဖြစ်နေသော လီအော့ကို စိုက်ကြည့်လိုက်သည်။

လီအော့က "မသိဘူးလေ" ဟူသည့် ပုံစံမျိုးနှင့် လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်ကာ အကြည့်များက အပြစ်ကင်းစင်နေပြီး အနည်းငယ် နားဝေတိမ်တောင် ဖြစ်စွာနှင့် ပြောဆိုလာသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now