တနင်္ဂနွေနေ့
7:30am
"ဝါးးး ဘယ်နှစ်နာရီတောင်ရှိနေပီလဲ။"
သွားတိုက်မျက်နှာသစ်ပီးဇင်ဖြိုးသော်အောက်ထပ်ကိုဆင်းလာတဲ့အချိန် ထမင်းစားပွဲမှာသတင်းစာဖတ်ရင်းကော်ဖီသောက်နေတဲ့ထက်ရှိုင်းယံမှာအသက်17ဆိုတာထင်ရက်စရာမရှိပဲလူကြီးလူကောင်းတယောက်လိုပင်
"ဆင်းလာပီလား မင်းရဲ့ကျောင်းကိစကိုငါအကုန်စီစဉ်ပီးပီ ငါနဲ့ကျောင်းအတူတူပဲအပ်ထားတယ်မနက်ဖန်စတက်ရမယ်။ဒီနေ့အဝတ်အစားသွားဝယ်မယ် မင်းလိုက်ခဲ့မှရမယ် အဆင်ပြေလား"
"ဟုတ်ပြေပါတယ်..ဟိုလေမေးစရာလေးရှိလို့"
"မေး"
"ဒီမှာဒီကအကိုကြီးရယ်အန်တီနုရယ်ကျွန်တော့ရယ်ပဲရှိတာလား"
"Umm ..ဒီအိမ်မှာတော့ဟုတ်တယ် ဘေးမှာအိမ်အသေးတခုရှိသေးတယ်အဲ့မှာအလုပ်သမား8ယောက်လောက်တော့ရှိသေးတယ် ဘာဖြစ်လို့လဲ ပြဿနာရှိလို့လား""
" မဟုတ်ပါဘူးဒီတိုင်းသိချင်လို့မေးကြည့်တာပါ"
ထက်ရှိုင်းယံပြောတဲ့8ယောက်မှာခေသူတွေမဟုတ်ကိုယ်ခံပညာအလွန်ကျွမ်းကျင်တဲ့8ယောက်ပင်ဖြစ်တယ်တခြားလူတေအများကြီးရှိသေးပေမယ့်လူများတာရင်စိတ်ရှုပ်လို့သာထက်ရှိုင်းယံ8ယောက်သာခေါထား
"ဒါနဲ့မင်းငါ့ကိုခုနကဘလိုခေါလိုက်တာလဲ"
"အကိုကြီး"
"မနေ့ညကပြောတာအဲ့လို့မဟုတ်ဘူးလားလို့"
"မဟုတ်ဘူးလေအဲ့တုန်းကယောင်သွားတာ"
ပြောရင်းနဲ့ဇင်ဖြိုးသော်မျက်နှာမှာနီရဲလာပုံမှာချစ်ဖို့ကောင်းလွန်းလို့ထက်ရှိုင်းယံမှာအသည်းေတွယားနေရသည်
"ပြောပီးစလစ်နံပါတ်တစ်ပဲကလေး"
ဇင်ဖြိုးသော်သူဘေးနားကိုရှောက်ကြည့်နေသည်
"ကြည့်မနေနဲ့ခင်ဗျားလေးကိုပြောတာ"
"က ကလေးး"
ဇင်ဖြိုးသော်တယောက်မျက်လုံးပြူးလျက်ဘာမှမပြောတော့ပဲအပေါထပ်ကိုပြေးတက်သွားတော့တယ်