178

6.4K 1K 70
                                    

{Unicode}

"မတော်တဆ"

လီတာ့က ဝမ်ယန်ကို ကုန်းပိုးလိုက်သည်။

သူသည် ပုံမှန်ဆိုလည်း အလေးပိုနေသည့် ဝိတ်တုံးများကို မ,တတ်သည်ရှိရာ ဝမ်ယန်ကို သယ်ပိုးလိုက်သည်နှင့် အမှန်တကယ်ကို တရားလွန် ပိန်သေးလွန်းလှသည်ဟုသာ ခံစားလိုက်ရသည်။

လီတာ့က လေထုကို ဖြေလျှော့လို၍ ခြောက်ကပ်ကပ်နှင့် ပြောလာသည်။

"မင်း ထမင်း မစားဘူးလား။ ဘာလို့ဒီလောက် ပိန်ညောင်နေရတာလဲ"

ဝမ်ယန်က လီတာ့၏ မေးခွန်းကို ​ပြန်မဖြေဖြစ်ခဲ့ပါ။

သူ့ အကြည့်များက မှင်သေနေပြီး ဝိညာဉ်အနှုတ်ခံထားရသည့် အလား လီတာ့ကိုယ်ပေါ် ကပ်ပါလာသည်။ ဦးခေါင်းပေါ်မှ ဒဏ်ရာကို ရိုးရိုးရှင်းရှင်း ပတ်တီးစည်းထားခဲ့သော်လည်း ကျဆင်းလာသည့် သွေးစက်များကိုတော့ မတားဆီးနိုင်ခဲ့ပါ။ သွေးများက သူ့မျက်နှာ တစ်ဝက်ကျော်လောက် စီးကျနေကာ လီတာ့၏ မျက်နှာတစ်ဖက်ကိုပင် စွန်းထင်းစေပြီး ညှီစို့နေတော့သည်။

ငလျင် ဖြစ်ပွားလာသည်မှာ ရုတ်ခြည်းဆန်လွန်း၍ လူများအားလုံး မူးဝေ မိန်းမောကုန်ကြသည်။

ပတ်ဝန်းကျင်မှာကား ရှုပ်ထွေးပွေလီလျက် သပွတ်အူ လိုက်နေကာ အော်ငိုသူက ငို၊ ဖုန်းဆက်ပြီး အကူအညီ တောင်းသူက တောင်းနှင့် ဖြစ်နေကြသည်။ ဘေးကင်းရာ အရပ် တောင်အောက်သို့ ဆုတ်ခွာလာခဲ့သည့် အဖွဲ့သည်လည်း လူသံများဖြင့် ဆူညံ ပွက်လောရိုက်နေပြီး ဓာတ်မီး၏ အလင်းရောင်များကလည်း မျက်စိကျိန်းလောက်အောင် စူးရှနေလှပါဘိ။

လီတာ့က ထိုဆူညံပူညံ ဖြစ်နေသော အဖွဲ့နောက် ကပ်ပါလာပြီး ဝမ်ယန်ကို ကုန်းပိုးကာ သတိကြီးကြီးနှင့် အောက်ဆင်းလာသည်။

ဝမ်ယန်က ခဲရာခဲဆစ်နှင့် လည်ချောင်းထဲ တံတွေးမျိုချလိုက်ကာ ကြမ်းရှပြီး လစ်ဟာနေသော အသံနှင့် ပြောလာသည်။

".....ကျွန်တော် သူ့ကိုလွမ်းတယ်"

လီတာ့က တောင်အောက်ဆင်းသည့် ကျောက်တုံးထစ်ပေါ် နင်းချလိုက်ကာ ဝမ်ယန်စကားကို ကြားတော့ မျက်မှောင်ကြုတ်သွားပြီး

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now