181

6.9K 1K 79
                                    

{Unicode}

"ဆယ်နှစ်တာ တစ်အိပ်မက်(၁)"

ဝမ်ယန်တစ်ယောက် နာတာရှည် ဆေးကုဌာနသို့ ရောက်သွားခဲ့ချေပြီ။

ဆရာဝန်က ယာယီတော့ ပြင်ပပတ်ဝန်းကျင်နှင့် အတတ်နိုင်ဆုံး သီးခြားနေရမည်ဟု ညွှန်ကြားထား၍ အပတ်တိုင်းတွင် တိုတောင်းသော ယာယီ ဧည့်တွေ့မှုကိုသာ ခွင့်ပြုထားသည်။

အပတ်စဥ် ဧည့်တွေ့ချိန်ရောက်တိုင်း လီတာ့တစ်ယောက် သွားကြည့်ဖို့ရန် အသည်းအသန် ဖြစ်နေသည်။

တကယ်တော့ သွားပြန်လျှင်လည်း သူဘာပြောရမှန်း သိသည်မဟုတ်။ ဝမ်ယန်၏ ရောဂါမှာလည်း များများစားစား တိုးတက်နေသည် မဟုတ်၍ သူသည်ကား ကိုင်ရပြုရ ခက်လောက်အောင် ခေါင်းကြီးငုံ့ကာ ဆိတ်ဆိတ်နေသည်။ ခေါင်းမော့လာပြန်လျှင်လည်း လေးလံ ထုံထိုင်းနေပြီး လီတာ့တစ်ယောက် အာပေါက်မတတ် ပြောနေလျှင်ပင် သူကတော့ နားဝင်သွားလိမ့်မည် မဟုတ်။

သို့သော်လည်း လီတာ့မှာတော့ အကြိမ်တိုင်း အခေါက်တိုင်း ဖန်တရာတေအောင် သူ့ထံ သွားကြည့်ဖြစ်ခဲ့ပါသည်။ တစ်ကြိမ်တစ်ခါမှပင် မလစ်ဟင်းရဲခဲ့ရှာ။

ဤတင်မကသေးဘဲ လီတာ့က ဝမ်ယန်၏ တစ်ချိန်က ပရိသတ်အဖြစ် ဟန်ဆောင်ကာ နာတာရှည် ဆေးကုဌာနမှ ဝမ်ယန်ဆီသို့ တိတ်တိတ်ကလေး စာတွေ ရေးပို့တတ်သေးသည်။ ထိုစာများထဲ အသုံးပြုသည့် စကားလုံးများမှာ အော့အန်ချင်စရာကောင်းပြီး လေသံမှာလည်း ကလေးဆန်ဆန် ချွဲ့တဲ့တဲ့နှင့် ဖြစ်နေလေရာ ၎င်းကို တစ်ခါတရံ မြင်လိုက်ရသည့် လီအော့မှာပင် ကြက်သီးမွေးညင်းများ ကလူပျံထလာသည်ဟု ထင်မှတ်လာရသည်။

လီအော့က လီတာ့ကို သရော်ကျီဆယ်တော့သည်။

"ကော၊ ကောက ဝမ်ယန်ကို ပိုပိုပြီး ဂရုစိုက်လာသလိုပဲနော်။ အရင်ကတော့ ကျွန်တော့်ကို ကွေးနေတယ်လို့ အမြဲသံသယ ဝင်ခဲ့ပြီး အခု ကိုယ့်ပုံစံကိုယ်လည်း ပြန်ကြည့်ဦး။ ကိုယ့်ဘာသာကိုယ်လည်း သံသယ ပြန်ဝင်ဖို့ ကျိုးကြောင်းဆီလျော်နေပြီ မဟုတ်လား"

လီတာ့က အကြိမ်တိုင်းလိုလို သူ့ကို စိုက်ကြည့်လိုက်ပြီး အမှားကို ဝန်မခံနိုင်စွာဖြင့် စကားဆိုတော့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now