182

7.5K 1.1K 53
                                    

{Unicode}

"ဆယ်နှစ်တာ တစ်အိပ်မက်(၂)"

လီတာ့မှာ စိတ်လှုပ်ရှားလွန်း၍ လေသံကပါ ကတုန်ကယင်။

ရန်ကျားလိသည် ဖုန်းလိုင်းတစ်ဖက်မှ သူ၏ ဆူညံပူညံ အသံကို နားထောင်ပေးနေသည်။

"နှစ်ဝက်ရှိပြီ၊ ဝမ်ယန် ထွက်လာနိုင်တော့မယ်၊ သူ နောက်ဆုံးတော့ ထွက်လာနိုင်တော့မယ်။ ရန်ကော ပြောတာ နားလည်ရဲ့လား၊ ကော နားလည်ရဲ့လားလို့၊ ဝမ်ယန် သူ ဆေးရုံက ဆင်းလို့ရတော့မယ်လို့!"

ရန်ကျားလိခမျာ ကူကယ်ရာမဲ့နေပြီး

"ငါ တရုတ်စကားကို နားလည်ပါတယ်ကွာ။ မင်း အဲ့ဒီလောက်ကြီး ထပ်ခါထပ်ခါ ပြောစရာ မလိုပါဘူး"

ဖုန်းချပြီးသည့်တိုင် လီတာ့၏ စိတ်လှုပ်ရှားနေသည့် လေသံကြီးက နားထဲ တဝဲလည်လည် ဖြစ်နေပါသေးသည်။

ရန်ကျားလိမှာ မကူနိုင် မကယ်နိုင် ရယ်လိုက်မိပြီး ခေါင်းခါမိတော့သည်။

ပြတင်းပေါက်ကို သော့ခတ်မည် ကြံနေတုန်း ရုတ်တရက် နောက်ကွယ်မှ လက်တစ်ချောင်းက သူ့ခါးကို ရစ်ပတ်လာကာ ညင်သာ မှိုင်းညှို့သည့် လေသံက နားရွက်နား ခပ်ဖျော့ဖျော့ ရယ်သံထွက်လာရင်း

".....နို့သာကူ တစ်လုတ်လောက် မြည်းကြည့်ပါဦး၊ ကိုယ့်လက်ရာ တိုးတက်လာရဲ့လား ကြည့်ပေး"

ရန်ကျားလိမှာ လန့်ဖြန့်ကာ တုန်တက်သွားပြီး အလိုအလျောက် တုံ့ပြန်မှုအရ ခေါင်းမော့ကြည့်လိုက်ရာ ယဲ့ထင်၏ မျက်နှာကို တွေ့လိုက်ရသည်။

ရန်ကျားလိက ရင်ဘတ်ပုတ်လိုက်ပြီး မကျေမချမ်းနှင့်

"မင်း လမ်းလျှောက်လာတာတောင် အသံမပေးတတ်ဘူးလား။ ရုတ်တရက်ကြီး ငါ့နောက်ကနေ ဖက်လိုက်တော့ ဒီအဖေက လန့်လွန်းလို့ နှလုံးက လည်ချောင်းဝ ရောက်သွားတော့မယ်"

ယဲ့ထင်က ကူကယ်ရာမဲ့နေပြီး

"ဟင်းချက်တုန်း တစ်လက်စတည်း နို့သာကူ တစ်အိုး ကျိုလိုက်တာ၊ ဒီမှာ"

ရန်ကျားလိက ထိုနို့သာကူခွက်ကို ယူပြီး တစ်ငုံ သောက်လိုက်ကာ နှုတ်ခမ်းပေါ်မှ နို့အစွန်းအထင်းများကို လျှာဖြင့်လျက်လိုက်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now