Special Episode II

7.2K 868 58
                                    

{Unicode}

"ဘယ်သူက ဘယ်သူ့ကို အပြစ်ပေးနေတာလဲ"

"ခြေထောက်ကားလိုက်"

ယဲ့ထင်သည် အနောက်တိုင်း ဝတ်စုံပြည့်ဖြင့် ကုတင်ဘေး ရပ်နေပြီး မျက်လုံးများက မှောင်နက်ကာ လေသံက နိမ့်ရှရှ။

ရန်ကျားလိ၏ လက်နှစ်ဖက်စလုံးက ကုတင်ခေါင်းရင်းတွင် နက်ခ်တိုင်ဖြင့် တင်းတင်းကျပ်ကျပ် စည်းနှောင်ခံထားရ၍ လှုပ်၍ရှား၍ ရုန်းကန်၍မရ။

သူက ကုတင်ပေါ် လဲလျောင်းနေရကာ စဥ့်တီတုံးပေါ် အသည်းအသန် လူးလွန့် ရုန်းကန်ရင်း ရေကို တောင်းငံ့နေရသော ငါးတစ်ကောင်အလား ခုခံခြင်းနှင့် မကျေနပ်ခြင်းတို့ကို အပြည့်အဝ ပုံဖော် ရေးသားနေလေသည်။

ရန်ကျားလိ ရင်ဘတ်က ပြင်းပြင်းထန်ထန် တက်လိုက်ကျလိုက် ဖြစ်နေရင်း အံကိုကြိတ်ကာ

"ယဲ့ထင်၊ မင်းက သောက်ခွေးမသား!"

ယဲ့ထင်က နှုတ်ခမ်းတွန့်သွားကာ ရန်ကျားလိ၏ ဆဲဆိုသံကို နည်းနည်းလေးမှ အာရုံစိုက်မနေပေ။

သူက ခပ်ဖျော့ဖျော့နှင့်သာ တစ်ချက်ပြုံးလိုက်ပြီး ဆိုသည်။

"ဆဲလေ၊ ဆက်ဆဲ"

"မင်းပိုပြီး ဆိုးဆိုးဝါးဝါး ဆဲနေလည်း" ယဲ့ထင်က ရန်ကျားလိ ပခုံးကို ဖိလိုက်ပြီး လေသံက အေးစက်သွားလျက် ပုန်ကန်၍ မရသည်မှာ အသေအချာ ဖြစ်နေပြီး "မင်းက ကိုယ့်အတွက်ပဲ၊ ဘယ်ကိုမှ ထွက်ပြေးလို့ မရဘူး"

ပြောပြီးသည်နှင့် သူက ရန်ကျားလိ၏ ခြေကျင်းဝတ်ကို ဆုပ်ကိုင်ကာ သူ့ခြေထောက်ကို ဖွင့်ကားလာစေတော့သည်။

လက်ဖဝါး၏ နွေးထွေးမှုသည် လျှပ်စစ်ရှောခ့်ကဲ့သို့ ခြေကျင်းဝတ်ရှိ အာရုံကြောများကို ဂယက်ရိုက်သွားလေရာ ရန်ကျားလိသည်ပင် တုန်ရီသွားရ၏။

သူက ချက်ချင်းဆိုသလို အတင်းကာရော ရုန်းကန်လာပြီး ယဲ့ထင်၏ ထိန်းချုပ်မှုကြားမှ လွတ်မြောက်ချင်နေသည်။

ထိုအခိုက် ပခုံးဆီမှ အပ်ဖြင့် ထိုးခံလိုက်ရသည့်အလား နာကျင်မှု တစ်သွယ်က လျှပ်တစ်ပြတ်အတွင်း ပခုံးနှင့် လည်ပင်းသားကြား တိုးဝင်လာခဲ့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now