amour (7)

1.1K 148 17
                                    

<Zawgyi/>

အရှေ့မှာ ထိုင်နေတယ့် Jisoo ကိုသာ
ငေးရင်း မနက်စာကို တိတ်တဆိတ်စားနေမိသည် ။

ဟိုမိန်းကလေးနဲ့ Jisoo ရဲ့ အကြောင်းတွေ
မေးချင်ပေမယ့် တကယ်တမ်း ဘာစကားလုံးမှ မထွက်လာဘူး ။ မေးလိုက်လို့ Jisoo နှုတ်ခမ်းက ထွက်လာတယ့် စကားလုံးတွေထဲ အဲ့မိန်းကလေးနဲ့ Jisoo က ပတ်သတ်မှုရှိတယ်ကြားရင် Ruby ပဲ ရူးမှာ ။

သာမာန်ပတ်သတ်မှုမဟုတ်တာ မှန်နိုင်ပေမယ့်
လည်း သူမ သံသယအဖြစ်ပဲ ထားလိုက်ချင်တယ် ။
ကိုယ့်အပူကိုယ် Ruby မရှာချင်မိဘူး ။

" ဒီနေ့တစ်နေကုန်အိမ်မှာ ရှိနေမှာလား "

Ruby မေးတော့ Jisoo က
ခေါင်းအသာယမ်းရင်း

" ကျောင်းသွားစရာရှိသေးတယ်...။ ဘာဖြစ်လို့လဲ "

" မဟုတ်ပါဘူး...။ ဒီအတိုင်းမေးကြည့်တာ "

သူ့ရှေ့မှာ ရှိနေတယ့် Jane ဟာ
နည်းနည်းမှ အားရစရာမရှိပါ ။ မနေ့ညက ထက်စရင် နည်းနည်း ဖြူဖပ်ဖြူရော်မနိုင်တော့ပေမယ့်
အရင်လို သွက်သွက်လက်လက်ပုံစံလေးတော့
မဖြစ်သေး ။  သူ့စိတ်ထဲ အဲ့လို ဇွတ်တရွက်
ကောင်မလေးဆိုးလေးကို လွမ်းမိသလို ခံစားရတယ် ။

" အိမ်မှာ နေချင်လည်းနေလေ...။ ဒီတစ်နေ့ပေါ့ "

" တကယ်လား! "

Ruby သူ့ကို အံ့အားတကြီး မေးမိတော့
သူက ပြုံးရင်းခေါင်းညိမ့်သည် ။ Ruby အဲ့ဒီအပြုံးလေးကို လွမ်းနေတာ
ဘယ်လောက်ကြာပြီလဲ ။

" နေ့လည်ကျရင်ကော ကျောင်းလာလို့ရလား "

သူလက်ခံ မခံတော့ မသိဘူး ။ သူ့အဖြေကို
စိတ်လှုပ်ရှားစွာ မျှော်နေမိတယ့် Ruby ။ စားပွဲအောက် တလှုပ်လှုပ်ဖြစ်နေတယ့် ခြေထောက်ဟာ
Ruby ဘယ်လောက် စိတ်လှုပ်ရှားနေလည်းဆိုတယ့် သက်သေပဲ ။

" လာချင်လာလေ ။ တစ်ချိန်လုံး Libary မှာ
ရှိနေမယ်  " 

" စာသင်ခန်းမဝင်ရဘူးလား "

" ဟင့်အင်း ။ စာမေးပွဲ နီးလာလို့ "

မနက်စာစားအပြီး ကျောင်းသွားဖို့ ပြင်ဆင်တယ့်
သူ့ကို Ruby က ကားပါကင်အထိ လိုက်ပို့ပေးသည် ။ ဘာကြောင့်လည်း မသိပေမယ့်
ဒီနေ့ Jisoo စိတ်ပေါ့ပါးနေသလို ခံစားရတယ် ။

AMOUR Where stories live. Discover now